မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာကြည့်တိုက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား

 

နေပြည်တော် ဇူလိုင် ၁၆


မြန်မာနိုင်ငံတော်  ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့်   ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့သည်  ယနေ့ နံနက် ၁၁  နာရီတွင်     မြန်မာ နိုင်ငံတော်  ဗဟိုဘဏ်စာကြည့် တိုက်ကို ကြည့်ရှုစစ်ဆေးသည်။


ထိုသို့    ကြည့်ရှုစစ်ဆေးစဉ် မြန်မာနိုင်ငံတော်    ဗဟိုဘဏ် စာကြည့်တိုက်တာဝန်ခံ  ဒေါ်တင် မိုးမိုးက လက်ရှိစာကြည့်တိုက်တွင် စီးပွားရေးဆိုင်ရာ    စာအုပ်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာ စာအုပ်များ၊ ဘဏ်လုပ်ငန်းဥပဒေနှင့် စည်းမျဉ်း ဆိုင်ရာစာအုပ်များ၊ စာရင်းကိုင်နှင့် စာရင်းအင်းဆိုင်ရာ   စာအုပ်များ၊ အရှေ့တောင်အာရှ  ဗဟိုဘဏ်များ အဖွဲ့၊  အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့၊  ကမ္ဘာ့ဘဏ်တို့ အပါ အဝင်  ဒေသဆိုင်ရာနှင့်  အပြည် ပြည်ဆိုင်ရာ  အဖွဲ့အစည်းများမှ ထုတ်ဝေသည့် စာအုပ်များ၊ အာရှ ဒေသတွင်း နိုင်ငံများ၏ ဗဟိုဘဏ် များ၏   နှစ်ချုပ်အစီရင်ခံစာများ၊ အပြည်ပြည်ဆိုင်ရာ   စီးပွားရေး၊ ကုန်သွယ်ရေး၊     ဘဏ္ဍာရေး၊ ငွေရေးကြေးရေး   အခြေအနေများ နှင့်   စပ်လျဉ်းသည့်    စာအုပ်များ အပါအဝင်    စာအုပ်စုစုပေါင်း ၈၈၄၂  အုပ်ရှိပါကြောင်း၊  မြန်မာ နိုင်ငံတော်   ဗဟိုဘဏ်စာကြည့် တိုက်အား  elibrary    ဖြစ်ရေး ဆောင်ရွက်သွားရန်ရှိပါကြောင်းနှင့်   လက်ရှိ     စာကြည့်တိုက်၏ လုပ်ငန်း   ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက်        မြန်မာ နိုင်ငံတော်    ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက    မြန်မာနိုင်ငံ တော်     ဗဟိုဘဏ်စာကြည့်တိုက် ကို elibrary အဖြစ်   ဆောင်ရွက် နိုင်ရေး အလေးပေးဆောင်ရွက်သွားစေလိုပါကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်နှင့် အဖွဲ့အစည်းများ၏ စာကြည့်တိုက်များနှင့် ချိတ်ဆက်   ဆောင်ရွက်သွားနိုင်ရေး     လုပ် ဆောင်ရန်   လိုအပ်ပါကြောင်း၊   လိုအပ်သည့်   စာအုပ်  စာတမ်းများ ကို   စဉ်ဆက်မပြတ်  ဝယ်ယူ ဖြည့်ဆည်း    သွားရန်ဖြစ်ပါ ကြောင်း၊  မြန်မာနိုင်ငံတော်  ဗဟို ဘဏ်   ဝန်ထမ်းများ၏      စာပေ  ဖတ်ရှုလေ့လာမှုအား  မြှင့်တင်ရေး အတွက်  ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရန်  လိုအပ်ပါကြောင်း၊ စာကြည့်တိုက်၏     လိုအပ်ချက် များကို        မြန်မာနိုင်ငံတော် ဗဟိုဘဏ် စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်   ဖွံ့ဖြိုးရေးဌာနနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း မှာကြားသည်။


သတင်းစဉ်