မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Worker Remittance ပမာဏ အများဆုံးရရှိသော ဘဏ်သုံးဘဏ်အား ချီးကျူးဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုပန်းခြင်းများပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ  ၅
ပြည်ပရောက်   မြန်မာနိုင်ငံသား များထံမှ လုပ်ခ၊ လစာ ခေါင်းစဉ် ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၃၀  ရက်အထိ နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များသို့   ငွေလွှဲ ဝင်ရောက်ခဲ့သည့်   ပမာဏများ အနက် အများဆုံးငွေလွှဲဝင်ရောက် သည့် CB Bank PCL ၊ ဒုတိယ အများဆုံးဝင်ရောက်သည့် ကမ္ဘောဇ ဘဏ်လီမိတက်နှင့်      တတိယ အများဆုံး      ဝင်ရောက်သည့် ဧရာဝတီဘဏ်လီမိတက်  ဘဏ် သုံးဘဏ်သို့   နိုင်ငံတော်အတွက် နိုင်ငံခြားငွေ   ကြိုးစားရှာဖွေပေး ခဲ့သည့် ဘဏ်များအဖြစ် ချီးကျူး ဂုဏ်ပြု    မှတ်တမ်းတင်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌  ကျင်းပသည်။
အဆိုပါ     အခမ်းအနားသို့ မြန်မာနိုင်ငံတော်      ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ ဘဏ်များမှ       တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
အခမ်းအနားတွင်    မြန်မာ နိုင်ငံတော်   ဗဟိုဘဏ်ဥက္ကဋ္ဌက အမှာစကား         ပြောကြားပြီး အဆိုပါဘဏ်များသို့     ဂုဏ်ပြု မှတ်တမ်းလွှာနှင့်     ဂုဏ်ပြုပန်းခြင်း များကို ပေးအပ်ခဲ့ကြောင်း သိရ သည်။       
 သတင်းစဉ်