မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မည်သည့်ဘဏ်ကိုမျှ ဒေဝါလီခံရန်၊ ပိတ်သိမ်းရန် ဆောင်ရွက်စရာ တစ်စုံတစ်ရာမရှိ၊ ငွေကျပ် ငါးထောင်တန်နှင့် တစ်သောင်းတန် ရုပ်သိမ်းမည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်းနှင့် ရုပ်သိမ်းရန်မရှိ

 

နေပြည်တော်   ဩဂုတ်  ၁၄


မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မည်သည့်ဘဏ်ကိုမျှ ဒေဝါလီခံရန်၊ ပိတ်သိမ်းရန် ဆောင်ရွက်စရာ တစ်စုံ တစ်ရာမရှိကြောင်း၊ ငွေကျပ်  ငါးထောင်တန်နှင့် တစ်သောင်းတန် ရုပ်သိမ်းမည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်းနှင့်  ရုပ်သိမ်းရန်မရှိကြောင်း   မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ  ဦးဝင်း သော်က   ယမန်နေ့တွင်  အတည်ပြု ပြောကြားသည်။

 


လတ်တလော  လူမှုကွန်ရက်စာမျက်နှာများ တွင် ဘဏ်များနှင့်ပတ်သက်ပြီး   ကောလာဟလ သတင်းများ ထွက်ပေါ်နေခြင်းနှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က “အခု အွန်လိုင်းမှာတက်နေတဲ့     ပုဂ္ဂလိကဘဏ် သုံးဘဏ်ကို ဒေဝါလီခံမယ်၊ ဖျက်သိမ်းမယ်ဆိုတဲ့ သတင်းက ကောလာဟလသတင်း   ဖြစ်ပါတယ်။ ဒါက သက်သက်   နိုင်ငံတော်စီးပွားရေးစနစ်ကို   ကမောက်ကမဖြစ်အောင်၊ ပြည်သူလူထုကို အနှောင့် အယှက်ဖြစ်အောင် လုပ်တဲ့သတင်း ဖြစ်ပါတယ်။ လုံးဝမမှန်ဘူးလို့ အတိအလင်း ပြောလိုပါတယ်။

 


“အများပြည်သူရုံးပိတ်ရက် ပထမဆုံး စတင် ပိတ်တဲ့အချိန်တည်းကိုက      မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ဘဏ်တွေမပါပါဘူး။  ပြည်သူလူထု အနေနဲ့ လက်ရှိမှာ ခံစားနေရတဲ့ ကိုဗစ်-၁၉ ရောဂါ နဲ့ပတ်သက်တဲ့  ကိစ္စရပ်တွေ၊   ဆေးဝါးတွေမှာတဲ့ အပေါ်မှာ   လွယ်ကူလျင်မြန်စေဖို့နဲ့   ဒီပိတ်ရက် တွေ ရက်ရှည်သွားတဲ့အခါ ကုန်စည်စီးဆင်းမှုတွေ အနှောင့်အယှက်ဖြစ်မှာ စိုးတာကြောင့်  ဝန်ကြီး ဌာနအနေနဲ့ ရုံးပိတ်သော်လည်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ဘဏ်တွေက  ရုံးတက်ဖို့   ခြွင်းချက် အနေနဲ့ ပါပါတယ်။ ရုံးပိတ်ရက်ရှည်မှာ လုပ်ငန်း တွေ မရပ်တန့်အောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ချန်လှပ်ထားခဲ့တာ သုံးပတ်  ရှိသွားပါပြီ။  မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အပါအဝင်      ဘဏ်တွေမှာ လည်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုတွေ ရှိလာပါ တယ်။

 


“အတည်ပြုလူနာတွေနဲ့ ဆက်စပ်တဲ့သူတွေက လည်း ကွာရန်တင်း ဝင်ရောက်ရတာတွေ   ရှိလာ ပါတယ်။ ဒီလိုဖြစ်လာတဲ့အတွက် ဘဏ်သုံးဘဏ် ပေါင်းပြီးမှ တစ်ဘဏ်ဖွင့်ရတာ၊ နှစ်ဘဏ်ပေါင်းပြီးမှ တစ်ဘဏ်ဖွင့်ရတာ စသဖြင့် အခက်အခဲတွေ ရှိလာ ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းကလည်း ဘဏ်တွေမှာ တက်လာပါတယ်။ ဒါကြောင့် ဒီအပတ် မှာ  ကျွန်တော်တို့က   အခြေအနေအရပ်ရပ်အရ အများပြည်သူကျန်းမာရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အပါအဝင် ဘဏ်တွေကလည်း ကျန်းမာ ရေးကို ထိန်းသိမ်းတဲ့အနေနဲ့ ပိတ်တာဖြစ်ပါတယ်။

 


“ဘဏ်တွေပိတ်သော်လည်း ဘဏ်နဲ့ပတ်သက် တဲ့ ပုံမှန်အွန်လိုင်းဘဏ်စနစ်နဲ့ ဒစ်ဂျစ်တယ်ဘဏ် စနစ်တို့က တောက်လျှောက်   အမြဲတမ်း သွားလို့ ရပါတယ်။ Payment System အားလုံးက အွန်လိုင်း နဲ့ အသုံးပြုနေမှုကို မပျက်ကွက်အောင် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။   ATM  စက်နဲ့  ငွေထုတ်ယူတာကလည်း   ပုံမှန်အတိုင်းဖြစ်မှာ ဖြစ်ပါတယ်။ ဒီပိတ်ရက်သည် ဘဏ်လုပ်ငန်း ဆောင် ရွက်မှုကို  အနှောင့်အယှက်မရှိပါဘူး။   ပိတ်ရတဲ့ ရည်ရွယ်ချက်သည် ကိုဗစ် - ၁၉ ရောဂါ ပြန့်ပွားမှုက နေ ပြန်လည်ပြီး  ထိန်းချုပ်တဲ့   အများပြည်သူရုံး ပိတ်ရက်မှာ အများပြည်သူအနေနဲ့ပါဝင်ပြီး   ရုံးပိတ် ရက်အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

 


“ဒီလိုအချိန်မှာ ပြည်သူလူထု  စိတ်အနှောင့် အယှက်ဖြစ်အောင် ဘဏ်တွေပိတ်မယ်တို့၊   ငွေကျပ် ၅၀၀၀  တန်နဲ့  ၁၀၀၀၀  တန်တွေ  သိမ်းမယ်တို့ ကိစ္စရပ်တွေနဲ့ သက်သက်နှောင့်ယှက်တာက စိတ် မကောင်းစရာလို့ မြင်ပါတယ်။ မဖြစ်သင့် မဖြစ်ထိုက် တဲ့၊ မလွှင့်သင့် မလွှင့်ထိုက်တဲ့ သတင်းတွေလို့ ယူဆ ပါတယ်။

 


“ကျွန်တော် ထပ်မံအတည်ပြုပြောချင်တာက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ မည်သည့်ဘဏ် ကိုမှ    ဒေဝါလီခံစရာ  အကြောင်းလည်း မရှိဘူး၊ ပိတ်သိမ်းစရာအကြောင်းလည်း    မရှိဘူးဆိုတာကို ထပ်မံအတည်ပြုပြောလိုပါတယ်။ ထို့အတူ ငွေကျပ် ၅၀၀၀ တန်နဲ့ ၁၀၀၀၀ တန်တွေ ရုပ်သိမ်းမယ်ဆိုတာ ကလည်း လုံးဝရုပ်သိမ်းစရာ အကြောင်းမရှိဘူးဆို တာကို ထပ်မံအတည်ပြုပြောလိုပါတယ်။ ဒီအတွက် ကြောင့် ပြည်သူလူထုအနေနဲ့ စိတ်အနှောင့်အယှက် မရှိဘဲနဲ့    ပုံမှန်အတိုင်း  ဘဏ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ယုံကြည်စွာ ဆက်လက် ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်” ဟု ပြော ကြားသည်။                                                         
 မောင်ဓန