မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သင်တန်းဆိုင်ရာ အတွေ့အကြုံများမျှဝေခြင်းအခမ်းအနား (၁၂/၂၀၂၂) ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ    ၂၁            


မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌  သင်တန်းဆိုင်ရာ အတွေ့အကြုံများ မျှဝေခြင်း (Knowledge Sharing) အခမ်းအနား (၁၂/၂၀၂၂) ကို ယနေ့မွန်းလွဲ  ၂ နာရီတွင် နေပြည်တော်ရှိ စုပေါင်းခန်းမ၌  ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊  ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊  အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။   

 


အခမ်းအနားတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌက သင်တန်း ဆိုင်ရာ အတွေ့အကြုံများ မျှဝေ ခြင်း    (Knowledge Sharing) အစီအစဉ်များ၊    စာတမ်းဖတ်ပွဲ များကို စဉ်ဆက်မပြတ်   ပြုလုပ် သွားမည်ဖြစ်ပါကြောင်း၊   မြန်မာ နိုင်ငံတော်            ဗဟိုဘဏ်သည် နည်းပညာဆိုင်ရာ    အဖွဲ့အစည်း ဖြစ်သည့်အတွက်     မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏   ဝန်ထမ်းများ စွမ်းဆောင်မှု       အရည်အသွေး မြင့်မားတိုးတက်စေရန်နှင့်    စီမံ ခန့်ခွဲမှု ပိုမိုအားကောင်းလာစေရန် အမျိုးမျိုးသော နည်းလမ်းများဖြင့် အစဉ်အမြဲဆောင်ရွက်လျက်ရှိပါကြောင်း၊  နောင်အနာဂတ်ကာလ တွင်   ဦးဆောင်မည့်သူများအနေ ဖြင့်          ပညာအရည်အချင်း ကောင်းမွန်စွာ    ပြည့်စုံနေစေရန် အတွက်    နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းသွားရန်     လိုအပ်ပါ ကြောင်း၊ အဓိကအားဖြင့် ဝန်ထမ်း များသည်     တိုးတက်ချင်သည့် စိတ်အခြေခံရှိရန်          လိုအပ်ပြီး ကိုယ်တိုင်    ကြိုးပမ်းအားထုတ် ရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ သူများက လေ့လာသင်ယူခဲ့ရသည် များကို   လက်ဆင့်ကမ်းမျှဝေပေး ခြင်းဖြင့် အရာထမ်း၊ အမှုထမ်း များအနေဖြင့်    အကျိုးကျေးဇူး များ  ရရှိကြမည်ဖြစ်ပါကြောင်း  ပြောကြားသည်။  
ဆက်လက်၍         “စာရင်း ရှင်းလင်းခြင်းနှင့်         ငွေချေး စာချုပ်    ထိန်းသိမ်းခြင်းတို့အကြား ဆက်နွှယ်မှု”     နှင့်   စပ်လျဉ်း၍ ဒေါ်စုစုနွယ်(ညွှန်ကြားရေးမှူး)နှင့် ဒေါ်ကြည်ကြည်ဦး   (ညွှန်ကြားရေး မှူး)     တို့က    ငွေရေးကြေးရေး လုပ်ဆောင်ချက်          နည်းပညာ ဆိုင်ရာ      တီထွင်ဖန်တီးမှုများ၏ ရှေ့အလားအလာများ၊    ငွေရေး ကြေးရေးဈေးကွက်၊ ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ လုပ်ဆောင်ချက်များတွင် တွေ့ကြုံနိုင်သည့်     စိန်ခေါ်မှု အခက်အခဲများ၊ ငွေရေးကြေးရေး ကိစ္စရပ်များတွင်    နည်းပညာများ အသုံးပြု၍   လုံခြုံရေးချိုးဖောက် ခံရမှုနှင့် ၎င်းတို့အပေါ် ကာကွယ် ဆောင်ရွက်မှု၊     ငွေချေးစာချုပ် ထိန်းသိမ်းခြင်းဆိုင်ရာ    လုပ်ငန်း ဆောင်ရွက်ချက်တို့ကို ရှင်းလင်း တင်ပြခဲ့ကြရာ   တက်ရောက်လာ ကြသော   ဥက္ကဋ္ဌ၊   ဒုတိယဥက္ကဋ္ဌ များနှင့်    အဆင့်မြင့်အရာထမ်း များက    အကြံပြုဆွေးနွေးခဲ့ကြ သည်။  

        
သတင်းစဉ်