မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည်    ယနေ့ မွန်းတည့် ၁၂ နာရီ တွင် နေပြည် တော်ရှိ  မြန်မာနိုင်ငံတော်  ဗဟို ဘဏ်     အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး    H.E.  Dr.   Md. Monwar  Hossain  ကို  လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ် ရေး ပိုမိုတိုးတက်စေရန်အတွက် ဘင်္ဂလားဒေ့ရှ် တာကာ/မြန်မာ ကျပ်တို့နှင့်     ကုန်သွယ်မှုတွင် တိုက်ရိုက်     ငွေပေးချေရေးအား ဆောင်ရွက်နိုင်ရေးနှင့်   မြန်မာ နိုင်ငံမှ     ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ဆန်တင်ပို့ခြင်းကိစ္စရပ်အပါအဝင် နှစ်နိုင်ငံဘဏ်များကြား လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။                                                                           
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်နှင့်      ဌာနဆိုင်ရာ အကြီးအကဲများ     တက်ရောက် ကြသည်။


သတင်းစဉ်