မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကြေညာချက်

 

 

(က)    ၁။    အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကိုတင်ပို့သည့်နေ့မှ ၄၅ ရက် အတွင်းလည်းကောင်း၊ အာရှနိုင်ငံများအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်းလည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်နှင့် လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ကြောင်း  စိစစ်တွေ့ရှိရပါက  နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု  ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာ စာအမှတ် ၂၇/၂၀၂၂ ဖြင့် ထုတ်ပြန်ထားပါသည်။


    ၂။    သတ်မှတ်ချက်များနှင့်အညီ ငွေပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု  ဥပဒေအရ  အရေးယူသွားမည်ဖြစ် ကြောင်းကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်သဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့အတွင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
    ၃။    ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေပေးသွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြ လိုပါက   နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနနှင့်   ကုန်သွယ်ရေးဦးစီးဌာနတို့၏   အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-


    (က)    နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန-ဆက်သွယ် ရန်ဖုန်း ; 
        ၀၆၇-၃၄၁၈၇၅၄၊ ၀၁-၅၄၃၅၁၁ လိုင်းခွဲ ၄၆၁၊ ၄၆၂
    (ခ)    ကုန်သွယ်ရေးဦးစီးဌာန  -ဆက်သွယ်ရန်ဖုန်း;
        ၀၆၇-၃၄၀၈၂၅၈၊ ၀၆၇-၃၄၀၈၂၈၁
(ခ)    ပို့ကုန်တင်ပို့သူများအနေဖြင့်    နိုင်ငံခြားသုံးငွေ    စီမံ ခန့်ခွဲမှုဥပဒေအရ    ပို့ကုန်ရငွေအား      သတ်မှတ် ကာလအတွင်း မိမိ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရန် လိုအပ်ပါသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်