မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာခရက်ဒစ်ဗျူရို၏ ဒါရိုက်တာအဖွဲ့ဝင်များ အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၁


မြန်မာနိုင်ငံတော်     ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ   ဒေါ်သန်းသန်းဆွေ နှင့်      မြန်မာခရက်ဒစ်ဗျူရို၏ ဒါရိုက်တာအဖွဲ့ဝင်များ   တွေ့ဆုံ အစည်းအဝေးကို     ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်   ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


အစည်းအဝေးသို့    ဘဏ် လုပ်ငန်း    ကြီးကြပ်စစ်ဆေးရေး ဌာန      ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟန်စိုးနှင့် အရာထမ်းများ၊  မြန်မာခရက်ဒစ်ဗျူရို၏     ဥက္ကဋ္ဌ ဦးဇော်လင်းအောင်၊      ဒါရိုက်တာ အဖွဲ့ဝင်များဖြစ်သော   ဦးဇော်မိုး အောင်၊   Mr. William Linn ၊ Ms. Lee Sin Jit ၊ Head of Operation ဒေါ်ကျော့ကေခိုင်နှင့် ဒါရိုက်တာ အဖွဲ့အတွင်းရေးမှူး  ဒေါ်မြတ်နိုး သဇင်နိုင်တို့   တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင်   မြန်မာ နိုင်ငံတော်ဗဟိုဘဏ်    ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဘဏ် များက   ချေးငွေသတင်းအချက် အလက်     အစီရင်ခံခြင်းစနစ်၌ Data    အချက်အလက်များနှင့် ဆောင်ရွက်ပြီးစီးမှု၊     ဘဏ်များ ပါဝင်ဆောင်ရွက်သည့် အခြေအနေ၊ ဗဟိုဘဏ်က ကူညီပံ့ပိုးပေးရမည့် အခြေအနေများကို     ဆွေးနွေးသည်။ 

 


ဆက်လက်၍   ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေး         ဌာန ညွှန်ကြားရေးမှူးချုပ်က   ဘဏ် များ၏  Credit Reporting နှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန် လိုအပ် သည့်အချက်များ၊ Data Security ပိုင်းကိုလည်းကောင်း၊    မြန်မာ ခရက်ဒစ်ဗျူရို၏        Head of Operation    ဒေါ်ကျော့ကေခိုင်က လက်ရှိဘဏ်များက Data Upload  အခြေအနေ၊ Credit Data များ၏ နောက်ဆုံးရရှိထားသည့်    အခြေ အနေ၊     Credit Report    ကို လအလိုက်  ဘဏ်များက အသုံးပြု လျက်ရှိသည့်  အခြေအနေများနှင့် လုပ်ငန်း        ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်   အခက်အခဲများ ကိုလည်းကောင်း၊   အဖွဲ့ဝင်ဘဏ် များအပေါ်    ကောက်ခံမည့်အဖွဲ့ ဝင်ကြေးနှင့် Reporting ရယူသည့် အပေါ်တွင်   ကောက်ခံမည့်နှုန်း ထားများကို   ဆွေးနွေးပြောကြားသည်။

 


ယင်းနောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်       ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက   ဗဟိုဘဏ် အနေဖြင့်  ငွေရေးကြေးရေးကဏ္ဍ အတွက်  မြန်မာခရက်ဒစ်ဗျူရို၏ လက်တွေ့ထိရောက်စွာ  အကောင် အထည်     ဖော်နိုင်ရေးအတွက် မြန်မာခရက်ဒစ်ဗျူရိုနှင့် ပူးပေါင်း ၍  Public Awareness  ပိုမိုရရှိရေး၊ ဆက်လက်ဆောင်ရွက်မည့်   အစီ အစဉ်များကို   မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်