မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

 

 

နေပြည်တော်   မေ   ၁၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ်  ဒုတိယဥက္ကဋ္ဌဟောင်း  ဦးဘိုဘိုငယ်၏ လုပ်ငန်းဆောင်ရွက်မှုများတွင်  အဂတိလိုက်စားမှုများ  ရှိနေသော ကြောင့်  ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဦးဘိုဘိုငယ် သည်    မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင်    ဒုတိယဥက္ကဋ္ဌတာဝန်ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေး ဌာနနှင့် စာရင်းဌာနတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်များက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ    အမေရိကန်ဒေါ်လာ   တစ်သောင်းထက် ပိုသည့်   နိုင်ငံခြားသုံးငွေ   လွှဲပြောင်းမှုများကို   မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့   ခွင့်ပြုချက်တောင်းခံခြင်းနှင့်   ငွေကြေးဆိုင်ရာမှုခင်း နှိမ်နင်းရေးရဲတပ်ဖွဲ့သို့  သတင်းပေးပို့ခြင်းအတွက်   ကြီးကြပ်ရန် တာဝန်ရှိကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကာလအတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကား ခွင့် လိုင်စင်ရဘဏ်များက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ Electronic Reporting System-ERS စနစ်ဖြင့် သတင်းပေးပို့ထားသည့် ပြည်ပမှ ဝင်ရောက်သည့်   အမေရိကန်ဒေါ်လာ   တစ်သောင်းနှင့်အထက်  ငွေ လွှဲပြောင်းမှုအကြိမ်ပေါင်း ၂၉၀,၀၀၀ ကျော် (ငွေတန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၇၀,၀၀၀ ကျော်)ရှိကြောင်း၊ ၎င်းငွေလွှဲပြောင်းမှု များအနက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့  ခွင့်ပြုချက်တောင်းခံမှု ၃၅၂ ကြိမ်နှင့် ငွေကြေးဆိုင်ရာမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ သတင်း ပေးပို့မှု ၉ ကြိမ်သာရှိခဲ့သဖြင့် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကား ခွင့်လိုင်စင်ရဘဏ်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် နိုင်ရန်  ကြီးကြပ်မှုအားနည်းခဲ့ကြောင်း၊  ခွင့်ပြုချက်တောင်းခံခဲ့သည့် ငွေလွှဲပြောင်းမှုများအနက်မှ  ၇  ခု   (ငွေတန်ဖိုး   အမေရိကန်ဒေါ်လာ ၇၃ သန်းကျော်၊ ဂျပန်ယန်း သန်း ၃၀ ကျော်၊ ယူရို ၁ သိန်းကျော်)ကို ကောက်နုတ်စိစစ်ခဲ့ရာ သက်ဆိုင်ရာပုဂ္ဂိုလ်နှင့်ကုမ္ပဏီများထံမှ တံဆိပ် ခေါင်းအခွန် တစ်မျိုးတည်းအတွက်ပင် နိုင်ငံတော်အနေဖြင့် ငွေကျပ် ၁၀၂ သန်းကျော် နစ်နာမှုဖြစ်ပေါ်ခဲ့ကြောင်း။
၂၀၁၈   ခုနှစ်အတွင်း   Small and Medium Enterprises Development (SMED) ဘဏ်သို့  အမေရိကန်ဒေါ်လာ  ၅   သန်း ဝင်ရောက်ခဲ့ရာတွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ERS စနစ်ဖြင့် သတင်းပေးပို့ခဲ့သော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးကြပ် နိုင်ခြင်းမရှိဘဲ  Open Society Myanmar-OSM  ၏   ငွေစာရင်းသို့ ထည့်သွင်းပေးခဲ့ပြီး ယင်းငွေစာရင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်နှင့်ညီမျှသည့် မြန်မာကျပ်ငွေ သန်း ၁၉၀၀ ကျော်ကို OSM တာဝန်ရှိသူများက ထုတ်ယူခဲ့ခြင်း၊ SMED ဘဏ်မှ OSM က ထုတ်ယူခဲ့သည့် မြန်မာကျပ်ငွေသန်း ၁၉၀၀ ကျော်အပေါ် ပြည်တွင်း အခွန်များဦးစီးဌာန၏    တွက်ချက်မှုအရ     ဝင်ငွေခွန်တစ်မျိုးတည်း အတွက်ပင် ငွေကျပ်သန်း ၃၆၀ ကျော် ကောက်ခံနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်ကွပ်ကဲမှု အားနည်းခြင်းကြောင့်   အခွန်ငွေမကောက်ခံနိုင်ဘဲ   နိုင်ငံတော်၏ ဘဏ္ဍာငွေနစ်နာဆုံးရှုံးခဲ့ကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများက ချေးငွေရရှိသည့် အမေရိကန်ဒေါ်လာ  သန်း ၃၅၀ ကို အတိုးနှုန်းပိုရသည့်   ဘဏ်တွင် အပ်နှံရန်  ဦးဘိုဘိုငယ်ထံ တင်ပြခဲ့သော်လည်း ၎င်းတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် စင်္ကာပူနိုင်ငံ SMBC ဘဏ်သို့ အပ်နှံစေခဲ့ရာ ဘဏ် နှစ်ခု၏ အတိုးနှုန်းနှိုင်းယှဉ်ချက်အရ  နိုင်ငံတော်အနေဖြင့် အမေရိကန် ဒေါ်လာ ၀ ဒသမ ၃၉ သန်းကျော် (ငွေကျပ် ၆၆၅ သန်းကျော်) နစ်နာ ဆုံးရှုံးခဲ့ကြောင်း    စစ်ဆေးပေါ်ပေါက်သဖြင့်    မြန်မာနိုင်ငံတော်ဗဟို ဘဏ်  ဒုတိယဥက္ကဋ္ဌဟောင်း  ဦးဘိုဘိုငယ်အပေါ်   အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင်    ယနေ့ရက်စွဲဖြင့်   ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍   တရားစွဲဆိုအရေးယူနိုင်ရေး   ဆောင်ရွက် လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရ သည်။
သတင်းစဉ်