မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂၇) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်းအဝေးတက်ရောက်

 

နေပြည်တော်   မတ်   ၇


(၂၇)    ကြိမ်မြောက်     အာဆီယံ ငွေရေးကြေးရေး  ပေါင်းစည်းရေး ဆိုင်ရာ       အဆင့်မြင့်ကော်မတီ အစည်းအဝေး    (27th    ASEAN Senior Level Committee Mee-ting for Financial Integration)ကို ယနေ့တွင် Hybrid Format ဖြင့်ကျင်းပရာ   မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်နှင့်      အဆင့်မြင့် အရာထမ်းများက  Virtual  ဖြင့် တက်ရောက်ကြသည်။


ဦးစွာ အစည်းအဝေး၏ ပူးတွဲ သဘာပတိများ       ဖြစ်ကြသည့် လာအိုနိုင်ငံ ဗဟိုဘဏ်နှင့် စင်ကာပူ နိုင်ငံ      ငွေကြေးအာဏာပိုင်အဖွဲ့ တို့မှ    တာဝန်ရှိသူများက   အဖွင့် အမှာစကား ပြောကြားကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက်    လာအိုနိုင်ငံမှ  အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်  တာဝန်ယူစဉ် ၂၀၂၄ ခုနှစ် အတွင်း  ဦးစားပေးဆောင်ရွက်မည့် ငွေရေး ကြေးရေးဆိုင်ရာ  ပူးပေါင်းဆောင် ရွက်မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း သည့်    အကျဉ်းချုပ်      အချက် အလက်များကို   လာအိုနိုင်ငံဗဟို ဘဏ်မှ တာဝန်ရှိသူက ရှင်းလင်း တင်ပြပြီး  အာဆီယံ + ၃  မေခရို စီးပွားရေးသုတေသနရုံး (ASEAN+ 3 Macro economic Research Office-AMRO) နှင့် အာရှဖွံ့ဖြိုးရေး ဘဏ် (ASEAN Development Bank - ADB) တို့မှ ကမ္ဘာတစ်ဝန်း နှင့် ဒေသတွင်း၌ လက်ရှိဖြစ်ပေါ် နေသော    မေခရိုစီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ      ဖွံ့ဖြိုး တိုးတက်မှု     အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍      အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံ ငွေရေးကြေးရေး   ပေါင်းစည်းရေး အတွက်   ဦးစားပေးဆောင်ရွက် လျက်ရှိသည့်     လုပ်ငန်းများ၏ တိုးတက်မှု      အခြေအနေနှင့် အာဆီယံ    စီးပွားရေး    အသိုက် အဝန်း (ASEAN Economic Coo-peration-AEC) ဆိုင်ရာ လုပ်ငန်း စဉ်များအောက်၌      အကောင် အထည်ဖော်    ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများ၏ တိုးတက် မှု   အခြေအနေကို     ရှင်းလင်း တင်ပြသည်။ 
ထို့နောက်    အာဆီယံဘဏ် လုပ်ငန်း ပေါင်းစည်းရေးမူဘောင်  လုပ်ငန်းကော်မတီနှင့် အာဆီယံ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်း မှုစနစ်    လုပ်ငန်းကော်မတီတို့၏ ပူးတွဲသဘာပတိများက   ASEAN Interoperable Data Framework နှင့်စပ်လျဉ်းသည့်     တိုးတက်မှု အခြေအနေကို    ရှင်းလင်းတင်ပြ ကြပြီး  ဒေသတွင်း  ငွေပေးချေမှု ဆိုင်ရာ   ချိတ်ဆက်မှုများ   ဖွံ့ဖြိုး တိုးတက်စေရေး လမ်းပြမြေပုံနှင့် စပ်လျဉ်း၍     လက်ရှိဆောင်ရွက် နေမှုအခြေအနေကို     အာဆီယံ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်း မှုစနစ် လုပ်ငန်းကော်မတီ၏ ပူးတွဲ သဘာပတိနှင့် BIS Innovation Hub Singapore Centre တို့က ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက်  အာဆီယံဘဏ် လုပ်ငန်းပေါင်းစည်းရေးမူဘောင် (ASEAN  Banking  Integration Framework - ABIF)၊     ငွေလုံး ငွေရင်းစာရင်း လွတ်လပ်ခွင့်ပြုရေး (Capital  Account  Liberaliza-tion - CAL)၊ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး        (Capital Market Development - CMD)၊ အားလုံးပါဝင်သော ငွေရေးကြေးရေး ကဏ္ဍ  (Financial Inclusion - FINC)၊ ငွေရေးကြေးရေးဝန်ဆောင် မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး  (Financial Services Liberaliza-tion - FSL)၊    ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် (Payment  and Settlement System - PSS)၊ စွမ်းဆောင်ရည်           မြှင့်တင်ရေး ကြီးကြပ်ထိန်းကျောင်းမှုကော်မတီ (Steering     Committee       on Capacity    Building  -  SCCB) တို့နှင့်စပ်လျဉ်းသည့် နောက်ဆုံး  တိုးတက်မှုအခြေအနေကို လုပ်ငန်း ကော်မတီများမှ      တာဝန်ရှိသူ များကရှင်းလင်းတင်ပြရာ  ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌများက လိုအပ် သည်များ        ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
ဆက်လက်၍        အာဆီယံ ဘဏ္ဍာရေးဆိုင်ရာ          လုပ်ငန်း ကော်မတီများက    တင်ပြခဲ့သည့် Risk    Monitoring    Template (RMT) ကို အခြေခံ၍ ရေးဆွဲထား သော Risk Monitoring Report နှင့်စပ်လျဉ်း၍ အစည်းအဝေး၏ ပူးတွဲသဘာပတိများက ဆွေးနွေး ကြသည်။  
ဘဏ္ဍာငွေဖြည့်ဆည်းနိုင်ရေး
ထို့နောက်         အဆင့်မြင့် ကော်မတီလုပ်ငန်းအဖွဲ့၏   ပူးတွဲ သဘာပတိများက  အာဆီယံငွေ ရေးကြေးရေး         ပေါင်းစည်းရေး ဆိုင်ရာ       အဆင့်မြင့်ကော်မတီ လုပ်ငန်းအဖွဲ့ (SLC Task Force)  အောက်ရှိ ရေရှည်တည်တံ့ခိုင်မြဲပြီး အကျပ်အတည်းဖြစ်ပေါ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရေးအတွက် ဘဏ္ဍာ ငွေ ဖြည့်ဆည်းနိုင်ရေး (Sustai-nable Finance) နှင့်စပ်လျဉ်း၍ လည်းကောင်း၊ လာအိုနိုင်ငံဗဟို ဘဏ်က       အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခံနိုင် ရည်ရှိမှုနှင့် သတင်းအချက်အလက် များမျှဝေခြင်းအစီအစဉ် (ASEAN  Cybersecurity Resilience and Information    Sharing     Plat-form - CRISP)     နှင့်စပ်လျဉ်း၍ လည်းကောင်း၊    ဖိလစ်ပိုင်နိုင်ငံ ဗဟိုဘဏ်က     အာဆီယံငွေကြေး ဖလှယ်မှုအစီအစဉ် (ASEAN Swap Arrangement -  ASA)     နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း တင်ပြကြသည်။ 
ယင်းနောက်   ငွေလုံးငွေရင်း စာရင်း    ပိုမိုလွတ်လပ်ခွင့်ပြုရေး လုပ်ငန်းကော်မတီ၏ ပူးတွဲသဘာ ပတိများက အာဆီယံဒေသတွင်း နိုင်ငံများ၏      ငွေကြေးများဖြင့် လွှဲပြောင်း     ပေးချေမှုများဆိုင်ရာ မူဘောင် (ASEAN Local Curre-ncy Transaction-LCT Frame-work)   (မူကြမ်း)    နှင့်စပ်လျဉ်း သည့် တိုးတက်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ 
ထို့နောက် (၂၇) ကြိမ်မြောက်  အာဆီယံ              ငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့် ကော်မတီ အစည်းအဝေး၏ ပူးတွဲ သဘာပတိများဖြစ်သည့် စင်ကာပူ နိုင်ငံ ငွေကြေးအာဏာပိုင်အဖွဲ့နှင့် လာအိုနိုင်ငံ ဗဟိုဘဏ်တို့မှ တာဝန် ရှိသူများက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း    သတင်း ရရှိသည်။                      
သတင်းစဉ်