မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃
၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁၃   ရက်
(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ    ၂၅   ရက်)


၁။    နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၆-၅-၂၀၂၂) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏   အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၂) တို့အရ   ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေကို  နိုင်ငံအတွင်းရှိ  ပို့ကုန်တင်ပို့သူ၏   ဘဏ်ငွေစာရင်းသို့  မပျက်မကွက်ထည့်သွင်းရေး ဆောင်ရွက်ရာတွင် အာရှနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅) ရက်  အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့  တင်ပို့သည့်   ပို့ကုန်များအတွက် ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း ပြန်လည်ဝင်ရောက်ရန်  သတ်မှတ်ထားပါသည်။
၂။    ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့ သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် (၄၅) ရက်အစား (၃၀)ရက်သို့ လည်းကောင်း၊ အာရှနိုင်ငံများမှအပ    အခြားနိုင်ငံများသို့     တင်ပို့သည့်ပို့ကုန်များအတွက်    ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် (၉၀) ရက် အစား (၆၀) ရက်သို့လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေ စာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန် ပြင်ဆင်သတ်မှတ်လိုက်သည်။ 
၃။    ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။
၄။    ဤအမိန့်ကြော်ငြာစာအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက  နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ အရ အရေးယူခြင်းခံရမည်။
                    

(သန်းသန်းဆွေ)
                            

ဥက္ကဋ္ဌ