
နေပြည်တော် ဧပြီ ၁၀
မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားများကို ယနေ့နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက အမှာစကား ပြောကြား ပြီး အလှူရှင်များက ပေးအပ်လှူဒါန်းသည့် အလှူ ငွေနှင့် စာအုပ်စာစောင်များကို လက်ခံကြ သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ်သိန်း ၁၀၀၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင် များက ငွေကျပ် ၁၆၅ သိန်းနှင့် စာအုပ်စာစောင် ၂၀၀၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များ က ငွေကျပ် ၁၀၀၅၅၀၀၀ နှင့် စာအုပ်စာစောင် ၂၁၄၈ အုပ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်အလှူ ရှင်များက ငွေကျပ် ၁၂၇၈၀၀၀၀၊ စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၈၁၂၁၆၁၀၀ နှင့် စာအုပ်စာစောင် ၂၂၃၀၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၂၂၈၁၀၀၀၀ နှင့် စာအုပ်စာစောင် ၆၄၇ အုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင် များက ငွေကျပ် ၄၂၃ သိန်းနှင့် စာအုပ်စာစောင် ၃၀၀၀၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူ ရှင်များ က ငွေကျပ် ၃၂၃၉၀၀၀၀ နှင့် စာအုပ်စာစောင် ၃၅၆ အုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၂၀၈၁၀၀၀၀ နှင့် စာအုပ် စာစောင် ၄၀၀၈ အုပ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ်သိန်း ၃၀၀ နှင့် စာအုပ် စာစောင် ၅၀၀၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူ ရှင်များက ငွေကျပ် ၁၁၉ သိန်းနှင့် စာအုပ် စာစောင် ၂၉၇ အုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၈၂၇၄၀၀၀၀ နှင့် စာအုပ်စာစောင် ၄၈၂၀၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့်အလှူရှင်များက ငွေကျပ် ၄၂၄၁၁၅၈၀ နှင့် စာအုပ် စာစောင် ၂၀၃၅ အုပ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ငွေကျပ် ၉၁၆၅၀၀၀ နှင့် စာအုပ်စာစောင် ၁၀၆၁၃ အုပ်တို့ကို ပေးအပ် လှူဒါန်းကြရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်