မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/တပ်ရင်း တပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဧပြီ    ၃


မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ  စာကြည့်တိုက်များနှင့်  တပ်မတော်ဌာနချုပ်များ/တပ်ရင်း တပ်ဖွဲ့စာကြည့် တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်သည်။


အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊   ကောင်စီဝင် များဖြစ်ကြသည့်    ဗိုလ်ချုပ်ကြီး  မြထွန်းဦးနှင့် ဇနီး၊ ဗိုလ်ချုပ်ကြီး   တင်အောင်စန်းနှင့် ဇနီး၊    ဒေါက်တာ မှုထန်၊ ဒေါက်တာ ဘရွှေ၊ ဦးရန်ကျော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊    ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ     အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊  နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊    မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာကြည့် တိုက်ဖောင်ဒေးရှင်းနာယကနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်  ဆရာ  ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊       အခမ်းအနား တက်ရောက်လာကြသူများသည်      “စာပဒေသာ ဝေဆာစေမည်” ဗီဒီယို Clip ကိုကြည့်ရှုကြသည်။


သုတရသစာအုပ်များ ပြန်လည်ပုံနှိပ်ထုတ်ဝေ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က   အမှာစကား ပြောကြားရာတွင်  မိမိအနေဖြင့်  နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြုလုပ် သည့် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲအခမ်းအနားများနှင့်  လူငယ်နှင့်စာပေအနုပညာပွဲတော်ကဲ့သို့ အခမ်းအနားများတွင် ပြန်ကြား ရေးဝန်ကြီးဌာနမှ ခင်းကျင်းပြသသည့် ခေတ်အဆက် ဆက်တွင်  ထုတ်ဝေခဲ့သည့်စာအုပ်များကို  လေ့လာ ကြည့်ရှုခဲ့ကြောင်း၊ အဆိုပါစာအုပ်များအနက် လက်ရှိ အချိန်အခါတွင် ထပ်မံထုတ်ဝေသင့်သည့် စာအုပ်များ၊ ဟောင်းနေသော်လည်း ပြည်သူများ ဖတ်ရှုလေ့လာ သင့်သည့်   စာအုပ်များ၊   လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတဖြစ်စေမည့် စာကောင်းပေမွန် များ၊  ပြည်သူကိုအကျိုးပြုသည့်  သုတရသစာအုပ် များကို ပြန်လည်ပုံနှိပ်ထုတ်ဝေရန် အမြဲလမ်းညွှန် မှာကြားခဲ့ကြောင်း။


ဒုတိယအကြိမ်အဖြစ် ပြန်လည်ပုံနှိပ်ထုတ်ဝေနေ


အဆိုပါ    စာအုပ်များအတွင်းမှ   ယနေ့မိမိတို့ မိသားစုက မြန်မာနိုင်ငံစာကြည့် တိုက်ဖောင်ဒေးရှင်း ကို  လှူဒါန်းမည့်  လူထုသိပ္ပံကျမ်းအတွဲများလည်း ပါဝင်ကြောင်း၊ လူထုသိပ္ပံကျမ်းများကို    လွတ်လပ်ရေး ရပြီးကာလ   ၁၉၅၅   ခုနှစ်မှ  ၁၉၅၈  ခုနှစ်အတွင်း အတွဲ(၉)တွဲအထိ      မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်းကြီး(စာပေဗိမာန်)က ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း၊ လူထုသိပ္ပံကျမ်းများတွင် စကြဝဠာ၊ ကမ္ဘာမြေ၊ ဘဝအကြောင်းရပ်များ၊ အပင်၊ တိရစ္ဆာန်၊ ဒြပ်နှင့်စွမ်းအင်၊ စက်မှုလက်မှုနှင့် လူ့အဖွဲ့ အစည်း စသည်များကို သုတေသနလုပ်ငန်းများပြုလုပ် ပြီး အသိဉာဏ်ပညာ တိုးတက်စေရန် ရည်ရွယ်ပြုစုခဲ့ ခြင်းဖြစ်ကြောင်း၊ အဆိုပါစာအုပ်များသည်  ယနေ့ အချိန်တွင်    လူငယ်လူရွယ်များ    လေ့လာသင့်သည့် စာအုပ်များဖြစ်သဖြင့်     မိမိအကြံပြုလမ်းညွှန်သည့် အတိုင်း ပြန်ကြားရေးဝန်ကြီးဌာနကလည်း ဒုတိယ အကြိမ်အဖြစ်         ပြန်လည်ပုံနှိပ်ထုတ်ဝေနေပြီ ဖြစ်ကြောင်း။


ဆက်လက်လှူဒါန်းသွားမည်


ယခုအချိန်တွင်     ပြန်ကြားရေးဝန်ကြီးဌာနက လူထုသိပ္ပံကျမ်းအတွဲ (၁)၊ (၂)၊ (၃) သုံးအုပ်ကို ထပ်မံ ထုတ်ဝေပြီးဖြစ်ကြောင်းနှင့် အတွဲ (၄) နှင့် (၅) နှစ်အုပ် ကိုလည်း  ဆက်လက်ထုတ်ဝေရန်   ဆောင်ရွက်နေ ကြောင်း၊ ကျန်သည့်အတွဲများကိုလည်း ဆက်လက် ထုတ်ဝေသွားမည်ဟု သိရှိရကြောင်း၊ အဆိုပါစာအုပ် များသည် ယနေ့လူငယ်လူရွယ်များ သိသင့်သိထိုက် သည့်၊ လေ့လာဖတ်ရှုသင့်သည့် အသိပညာဗဟုသုတ များပါခြင်းကြောင့် မိမိနှင့်မိသားစုက  ယခုစာအုပ် များကို    စာကြည့်တိုက်များတွင်    လှူဒါန်းလိုသည့် စိတ်ဆန္ဒပေါ်ပေါက်လာပြီး ထုတ်ဝေပြီးသည့် အတွဲ (၃)တွဲမှ အတွဲတစ်တွဲကို  အုပ်ရေ  (၁၅၀၀)   စီဖြင့် စာအုပ်ပေါင်း (၄၅၀၀)ကို နိုင်ငံတစ်ဝန်းရှိ စာကြည့် တိုက်များအတွက်     မြန်မာနိုင်ငံ     စာကြည့်တိုက် ဖောင်ဒေးရှင်းကို အုပ်ရေ(၃၀၀၀)နှင့် တပ်မတော် ဌာနချုပ်များ၊    တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များ အတွက်  အုပ်ရေ   (၁၅၀၀)     လှူဒါန်းသွားမည်ဖြစ် ကြောင်း၊  အလားတူ ပြန်ကြားရေးဝန်ကြီးဌာနကလည်း သုတ ရသစာအုပ်  (၅၅၀၀) ကို  တစ်ပါတည်း လှူဒါန်းမည် ဖြစ်ကြောင်း၊  လူထုသိပ္ပံကျမ်းအတွဲ  (၄) နှင့် (၅)  ထုတ်ဝေပြီးပါကလည်း  ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း။


တန်ဖိုးမဖြတ်နိုင်အောင် အကျိုးရှိမည်


စာအုပ်စာပေဆိုသည်မှာ    မည်မျှပင်   ကာလ ကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာ ရသေးပါက အသစ်ပင်ဖြစ်ကြောင်း၊ ယခုလှူဒါန်းသည့် စာအုပ်များသည် လွန်ခဲ့သည့်နှစ် (၆၀)  ကျော်က ဆိုသော်လည်း ယနေ့ခေတ်လူငယ်များ မသိနိုင်သေး သည့် အကြောင်းအရာများစွာ ပါဝင်ကြောင်း၊ မိမိပင် လျှင် တချို့မသိကြောင်း၊ ထို့ကြောင့် ယခုလှူဒါန်း သည့် စာအုပ်များကို တစ်လတွင် လူတစ်ယောက်ဖတ် ဖြစ်လျှင် တစ်နှစ်စာဖတ်သူဦးရေ ၅၄၀၀၀ ကို အသိ ပညာများရစေမည်ဖြစ်ကြောင်း၊ စာအုပ်၏ တန်ဖိုး ကိုဖော်ပြ၍ရသော်လည်း စာဖတ်သူတို့ရသည့်အသိ က တန်ဖိုးမဖြတ်နိုင်အောင် အကျိုးရှိမည်ဖြစ်ကြောင်း။


နေ့စဉ်စာဖတ်နိုင်အောင်ကြိုးစား


မိမိနှင့် မိမိ၏ဇနီးပါ စာပေဗိမာန်စာအုပ်အသင်း ဝင်များ ဖြစ်ကြကြောင်း၊ ယနေ့ အထိ နှစ်စဉ်အသင်း ဝင်သက်တမ်းတိုးမြှင့်ပြီး     အသင်းဝင်ဖြစ်နေခြင်း ကြောင့် စာပေဗိမာန်က ဖြန့်ဝေပေးပို့သည့်  လက်စွဲ စာစဉ်များကို ပုံမှန်ရရှိပြီး အမြဲပင်ဖတ်ရှုလေ့လာဖြစ် ကြောင်း၊ အခြားစာအုပ်စာပေတိုက်များက ထုတ်ဝေ သည့် စာအုပ်စာစောင်များကိုလည်း ဖတ်ရှုလေ့လာ သင့်သည်များကို ရှာဖွေဝယ်ယူပြီး အချိန်ပေးကာ လေ့လာဖတ်ရှုလျက်ရှိကြောင်း၊   အလုပ်များသည် ဖြစ်သော်လည်း နေ့စဉ်စာဖတ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း။


မိမိတို့အနေဖြင့်   ပညာရေးကဏ္ဍကို   တိုးတက် မြင့်မားလာအောင် ဘက်ပေါင်းစုံက မြှင့်တင်ပေးနေ သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းတက်နိုင်စေရေး အခြေခံ ပညာအဆင့်တွင် အခမဲ့ပညာရေးနှင့် လက်လှမ်း တမီ     သင်ယူနိုင်သည့်       အခွင့်အလမ်းရအောင် လုပ်ဆောင်ပေးနေကြောင်း၊     လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သကဲ့သို့ ပညာရေးသည်လည်း နိုင်ငံ၏အနာဂတ်ဖြစ်သည့်အတွက်     ပညာတတ် လူငယ်များဖြစ်လာအောင်၊     ကျောင်းနေအရွယ် ကလေးတိုင်း  ကျောင်းနေနိုင်အောင်၊  အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ရခြင်း မရှိအောင်၊ တန်းစဉ်ကူးပြောင်းမှုတွင် အရေအတွက် သာမကအရည်အချင်းပါ  လျော့နည်းမသွားအောင် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။


ပညာသင်ခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့်    လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်ကြောင်း၊  မိမိတို့နိုင်ငံတွင် လက်ရှိ လူဦးရေ ၅၆ သန်းကျော်ရှိသည့်အနက်    ဘွဲ့ရသူ သုံးသန်းခန့်သာရှိကြောင်း၊ အသက် ၂၅ နှစ်အထက် ၂၅ ဒသမ ၁၇ သန်းခန့်တွင် မူလတန်းနှင့် အလယ် တန်းအဆင့်ရှိသူ ၇၀ ရာခိုင်နှုန်းခန့်၊ ဘွဲ့ရ၊ နည်းပညာ၊ သက်မွေးပညာသင်တန်းကျောင်းနှင့်     ဒီပလိုမာ ပြီးမြောက်သူဦးရေသည် တစ်နိုင်ငံလုံးတွင် ၁၃ ရာခိုင် နှုန်းခန့်သာရှိသည်ကို စာရင်းဇယားများအရ သိရ ကြောင်း၊ ကျောင်းသားအများစုသည် မူလတန်းပြီးဆုံး ချိန်တွင်      ကျောင်းထွက်သွားကြခြင်းဖြစ်သဖြင့် နိုင်ငံ့အနာဂတ်အတွက်   စိုးရိမ်စရာဖြစ်နေကြောင်း၊ ထို့ကြောင့်လည်း    မိမိတို့အနေဖြင့်   အခြေခံပညာ အဆင့်တွင် KG+9 အထိ  မသင်မနေရစနစ်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။


ထပ်မံဖွင့်လှစ်သင်ကြားပေးရန်စီစဉ်


မိမိတို့ တာဝန်ယူဆောင်ရွက်နေချိန်တွင် အခြေခံ ပညာအလယ်တန်းအဆင့် အောင်မြင်ပြီး မလွှဲမရှောင် သာ ကျောင်းထွက်သွားကြရမည့် လူငယ်များအတွက် ဘဝတွင်     သက်မွေးပညာတစ်ခုခုပါသွားစေရေး အခြေခံပညာအထက်တန်းအဆင့်တွင် စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို ဆက်လက် သင်ကြားနိုင်ရန်အတွက်     စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း၊ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊  မွေးမြူရေး သက်မွေးပညာများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် ၅၀ က အထက်တန်းကျောင်း ၅၁ ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ယခုလာမည့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် နောက်ထပ် ၃၄ ကျောင်း      ထပ်မံဖွင့်လှစ်သင်ကြားပေးရန်    စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း။


စာဖတ်ကြစေရန် အားပေးကြရမည်


ဘဝအတွက်     စာဖတ်ရန်လိုအပ်သည့်     စကား တစ်ခုမှတ်သားမိကြောင်း၊ ၎င်းမှာ  စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး စာမဖတ် သည့်သူမှာ ရပ်နေသည့်လူနှင့်တူကြောင်း၊ စာတတ် ပြီး စာလည်းဖတ်သည့်သူမှာ လမ်းလျှောက်နေသည့် သူနှင့်တူသည်ဟုဆိုကြောင်း၊ ထို့ကြောင့်   စာပေ လေ့လာဖတ်ရှုကြရန်      တိုက်တွန်းကြရမည်ဖြစ် ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာဖတ် ကြစေရန်   မိမိတို့   အားပေးကြရမည်ဖြစ်ကြောင်း၊ စာပေလေ့လာဖတ်ရှုနိုင်မည့်    ပတ်ဝန်းကျင်များ ဖန်တီးပေးကြရမည်ဖြစ်ကြောင်း။


အသိပညာမြင့်မားအောင်   လုပ်ဆောင်ကြရန် အတွက်     စာကြည့်တိုက်များ၏   အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှု      ထွန်းကားရေးကို လုပ်ဆောင်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျေးလက်နေပြည်သူ ၇၀ ရာခိုင် နှုန်းရှိသည့်အတွက်    ကျေးလက်ဒေသနေပြည်သူ များ စာအုပ်စာပေဖတ်ရှုရန်နှင့် စာအုပ်စာစောင်များ လက်လှမ်းတမီထားရှိပေးရန်အတွက် စာကြည့်တိုက် များကို အမှန်တကယ် အားကိုးအားထားပြုကြရမည် ဖြစ်ကြောင်း။


ယနေ့အချိန်တွင် ခရိုင်နှင့်မြို့နယ်အဆင့် စာကြည့် တိုက်ပေါင်း ၄၁၀ ကို   ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူပြီး    ဖွင့်လှစ်ပေးနေကြောင်း၊   အဆိုပါ စာကြည့်တိုက်များသည်     နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်နေသည့် စာကြည့်တိုက်များ ပင်ဖြစ်ကြောင်း၊ ထို့ပြင်  ဒေသဆိုင်ရာအဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူလူထုအစီအစဉ် ဖြင့် ဖွင့်လှစ်နေသည့် စာကြည့်တိုက်ပေါင်း ၃၅၀၀ ကျော်   ဖွင့်လှစ်ထားသည်ဟုလည်း   သိရကြောင်း၊ ယခုဖွင့်လှစ်နေသည်ဆိုသည့် အဆိုပါစာကြည့်တိုက် များသည်     စာကြည့်တိုက်အဆောက်အအုံများ၊ စာအုပ်စာစောင်များ၊ စာအုပ်ငှားရမ်းဖတ်ရှုသူများ၊ စာကြည့်တိုက်ရန်ပုံငွေများ၊ စာကြည့်တိုက်ကော်မတီ နှင့်    စာကြည့်တိုက်မှူးများရှိပြီး   စာကြည့်တိုက် လုပ်ငန်းများကို  ပုံမှန်လည်ပတ်နေသည့်  စာကြည့် တိုက်များပင်ဖြစ်သည်ဟု  သိရကြောင်း၊ ယခင်က ယခုထက်များပြားသည့် အရေအတွက်ရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်လုပ်ငန်း များ ရပ်နားသွားခဲ့သည်ဟုလည်း သိရကြောင်း။


ပူးပေါင်းဆောင်ရွက်သွားကြရမည်


ယခုကဲ့သို့      ပျက်စီးလျော့နည်းသွားသည့် စာကြည့်တိုက်များကို    ယခင်အတိုင်း     ပြန်လည် လည်ပတ်နိုင်ရန်အတွက်လည်း မိမိတို့လုပ်ဆောင်ပေးရန်လိုကြောင်း၊    ထိုသို့    လုပ်ဆောင်သည့်အခါ နိုင်ငံတော်အစိုးရတစ်ခုတည်းကသာ ဆောင်ရွက်၍ မရဘဲ  ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ အစိုးရမဟုတ်သည့်  NGOs  များကပါ   ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


ယနေ့ကမ္ဘာကြီး၏      ဖွံ့ဖြိုးတိုးတက်မှုသည် ရွာတစ်ရွာကဲ့သို့ဖြစ်နေပြီး     Global Village   ဟု တင်စားပြောဆိုကြသည်မှာ မှန်ပါကြောင်း၊  သို့သော် ရုပ်ဝတ္ထုပစ္စည်းများ မည်မျှပင်တိုးတက်ပါစေ၊ အဆိုပါ ရုပ်ဝတ္ထုပစ္စည်းများကို ကိုင်တွယ်အသုံးပြုကြသည့် လူသားများ၏   စိတ်ဓာတ်များသည်   မတိုးတက်၊ မမှန်ကန်၊ အားနည်းနေမည်ဆိုပါက ကောင်းကျိုး ထက် ဆိုးကျိုးများနှင့်လည်း ကြုံရနိုင်ခြေများကြောင်း၊ အရာရာတွင်  စိတ်က     ဦးဆောင်သည်ဖြစ်သဖြင့် အသိဉာဏ်ပညာပြည့်ဝကြမှသာ     ကောင်းကျိုး ပြည့်ဝသည့်   ပတ်ဝန်းကျင်ကို   ဖန်တီးနိုင်ကြမည် ဖြစ်ကြောင်း။


နိုင်ငံနှင့်   ပြည်သူကိုအကျိုးပြုမည့်   စာကောင်း ပေမွန်များကို များများရေးသား ပြုစုထုတ်ဝေပေးကြ ရန်၊ ထုတ်ဝေပြီးသား စာအုပ်စာစောင်အဟောင်းများ အနက်   အသိပညာဗဟုသုတပေးနိုင်မည့်    စာအုပ် ကောင်းများကို   ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်အောင် ကြိုးစားပေးကြရန်၊ စာတတ်သူတိုင်း  စာဖတ်ကြစေ ရေး နှိုးဆော်တိုက်တွန်းခြင်း၊ အသိပညာပေးခြင်း များကို ဆက်လက်ဆောင်ရွက်ပေးကြရန်၊ စာတတ်ရုံ၊ အတတ်ပညာပြည့်ဝရုံသာမက     စဉ်းစားတွေးခေါ် ဉာဏ်နှင့် အသိပညာပြည့်ဝသည့်၊ ဗလငါးတန် ပြည့်ဝ သည့်  လူငယ်များ ပေါ်ထွက်လာစေရန် တာဝန်ရှိသူ များနှင့် မိဘများ၊ ဆရာ  ဆရာမများက ကြိုးစား ဆောင်ရွက်ပေးကြရန်၊ ကျောင်းစာကြည့်တိုက်များ၊ ရပ်ကွက်   ကျေးရွာစာကြည့်တိုက်များ   တိုးပွားရေး၊ ရေရှည်တည်တံ့ရေး၊  တိုးတက်ရေးတို့ကို   ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။


ပေးအပ်လှူဒါန်း


ယင်းနောက်      မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ နိုင်ငံတော်အစိုးရမှ လှူဒါန်းသော သုတ၊ ရသစာအုပ် ၃၅၀၀ နှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုမှ  လှူဒါန်းသည့်  လူထုသိပ္ပံကျမ်း   အတွဲ (၁/၂/၃) စာအုပ် ၃၀၀၀ အား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာကြည့်တိုက် များ      ဖောင်ဒေးရှင်းနာယက   ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေတို့က လက်ခံရယူသည်။


လက်ခံရယူ


ဆက်လက်၍ တပ်မတော်မှ ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့  စာကြည့်တိုက်များသို့   နိုင်ငံတော်အစိုးရမှ လှူဒါန်းသော သုတ၊ ရသ စာအုပ် ၂၀၀၀ နှင့် နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုတို့မှ လှူဒါန်းသော လူထုသိပ္ပံကျမ်းအတွဲ(၁/၂/၃) စာအုပ် ၁၅၀၀ တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပေးအပ်လှူဒါန်းရာ စစ်ရေး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက လက်ခံရယူ သည်။


ကျေးဇူးတင်စကားပြောကြား


ထို့နောက်      မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်းက စာကြည့်တိုက်များတည်ထောင်ဖွင့်လှစ်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေက စာအုပ်စာစောင် များ ပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြောကြားသည်။


စုပေါင်းဓာတ်ပုံရိုက်


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည်    မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။


လှည့်လည်ကြည့်ရှု


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား     တက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့်   စာအုပ်စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများကို      စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း  သတင်းရရှိသည်။


သတင်းစဉ်