မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံများ လှူဒါန်းနိုင်

 

နေပြည်တော်   မေ   ၇
နိုင်ငံတော်အစိုးရက  ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ  အလွယ်တကူ   ဖတ်ရှုလေ့လာနိုင်စေရန်   နိုင်ငံ တစ်ဝန်း ဖွင့်လှစ်ထားရှိသည့်   စာကြည့်တိုက်များ အတွက်   ရန်ပုံငွေနှင့်    စာအုပ်စာစောင်များ  ထောက်ပံ့ကူညီပေးလျက်ရှိသကဲ့သို့  စေတနာရှင် အလှူရှင်များကလည်း ပြည်သူများ  အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရေးနှင့်  စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  အလှူ ငွေနှင့်   စာအုပ်စာစောင်များ    ပေးအပ်လှူဒါန်း လျက်ရှိပါသည်။
ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာစေ ရေးနှင့်  စာအုပ်စာစောင်များကို လက်လှမ်းတမီ ထားရှိပေးနိုင်ရေးအတွက်    စာကြည့်တိုက် အဆောက်အအုံ     လိုအပ်နေသောနေရာများ တွင်  ဆောက်လုပ်လှူဒါန်းပေးသွားမည်ဖြစ်ရာ  “ပညာဒါန”    အလှူအဖြစ်   လှူဒါန်းလိုပါက ဖော်ပြပါစာကြည့်တိုက် အဆောက်အအုံတစ်ခု လျှင် ကျပ်သိန်း(၁၅၀)ဖြင့်   ဆောက်လုပ်လှူဒါန်း နိုင်ပါကြောင်းနှင့်        ပေးအပ်လှူဒါန်းလိုပါက    အောက်ပါပုဂ္ဂိုလ်များထံ   ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်-
v    ညွှန်ကြားရေးမှူး(ထုတ်လုပ်)
    ပြန်/ဆက် ဦးစီးဌာန
    ဖုန်း ၀၁ ၃၇၁၃၄၂ / ၀၆၇၃၄၁၂၃၇၁ / 
    ၀၉၄၂၁၀၄၆၇၁၅
v    ညွှန်ကြားရေးမှူး(ပြန်ဆက်)
    ပြန်/ဆက် ဦးစီးဌာန
    ဖုန်း ၀၆၇၃၄၁၂၁၆၄
v    တိုင်းဒေသကြီး/ ပြည်နယ်၊ 
    ခရိုင်၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာနရုံးများ
ပြန်ကြားရေးဝန်ကြီးဌာန