မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည်

 

နေပြည်တော်   ဩဂုတ်   ၇


မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို စက်တင်ဘာ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်     ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အသိပေးကြေညာထားသည်။ 


အဆိုပါစာတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ် တင်မြှောက်ရေးအဖွဲ့သည်    မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အသစ်ဖွဲ့စည်းရေးအတွက် ကိုယ်စားလှယ်လောင်း  အဆိုပြုလွှာများ  တင်သွင်းနိုင်ရန် ဇူလိုင် ၁ ရက်က နိုင်ငံပိုင်သတင်းစာများတွင် ဖိတ်ခေါ် ထားရှိခဲ့ပြီး အဆိုပြုလွှာများကို ဇူလိုင် ၃၀  ရက်အတွင်း ပြန်လည် တင်သွင်းရန် သတ်မှတ်ခဲ့ကြောင်းနှင့် ရွေးကောက်တင်မြှောက်ခံမည့် ကောင်စီဝင်လောင်းအမည်စာရင်းအား သီးသန့်ထပ်မံကြေညာသွား မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။


ထို့ပြင် သတင်းမီဒီယာနည်းဥပဒေများ ၉၊ နည်းဥပဒေခွဲ(က) (ခ)အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက် ပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ    ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း ပထမထပ်စုဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ဟု ဖော်ပြ ပါရှိသည်။                                                            

သတင်းစဉ်