
ရန်ကုန် ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ထိုင်းနိုင်ငံသတင်း မီဒီယာကောင်စီတို့ ယနေ့ နံနက်ပိုင်းတွင် video confer-encing စနစ်ဖြင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။
ဆွေးနွေးရာတွင် သတင်း မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်း များ ပိုမိုအရှိန်မြှင့် ပူးပေါင်းဆောင် ရွက်ရေး အပါအဝင် ကျင့်ဝတ်နှင့် ညီသော သတင်းမီဒီယာသမား များကို အကာအကွယ်ပေးရေးနှင့် နှစ်နိုင်ငံ သတင်းမီဒီယာသမား များအချင်းချင်း သတင်းဖလှယ်မှု များ ပိုမိုအားကောင်းလာစေရေး တို့ကို ဦးတည်ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံများရှိ မီဒီယာကောင်စီများ နှင့် ပူးပေါင်း၍ သတင်း လွတ်လပ်ခွင့် ပိုမိုအားကောင်း လာစေရေးကို ဦးစားပေးဆောင် ရွက်သွားမည့် အကြောင်းများကို ထည့်သွင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ အတွင်းရှိ သတင်းသမား များအတွက် အရည်အသွေး မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ် ပေးနေခြင်း၊ သတင်းတု သတင်း မှားများ ပပျောက်စေရေး အတွက် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီက ကြိုးစား ဆောင်ရွက်နေသည့် အခြေအနေ များကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းပြောကြား ခဲ့သည်။
ထိုင်းနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ Mr. Chavar-ong Limpattamapanee က အရှေ့တောင်အာရှ သတင်းမီဒီ ယာကောင်စီ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ရမည့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌအား လေးစားစွာ ဂုဏ်ပြုကြိုဆိုပါကြောင်းနှင့် ထိုင်း နိုင်ငံ မီဒီယာကောင်စီဘက်က လည်း လိုအပ်သည့် ကိစ္စများကို ကူညီပေးသွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံနှင့် သတင်းမီဒီယာကဏ္ဍများ တွင် ပိုမိုပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ထိုင်း နိုင်ငံ သတင်းမီဒီယာကောင်စီ (National Press Council of Thailand)မှ ဥက္ကဋ္ဌဖြစ်သူ Mr.Chavarong Limpattama- panee အပါအဝင် ကောင်စီဝင် ကိုးဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ (Myanmar Press Council)မှ ဥက္ကဋ္ဌ ဦးအုန်းမောင် နှင့်အတူ အတွင်းရေးမှူး ဦးအောင် ပြည့်စုံ၊ ကောင်စီဝင်များဖြစ်ကြ သော ဦးအေးချမ်း၊ ဒေါက်တာ ဇော်သန်းနှင့် ဒေါ်မြင့်မြင့်သိန်းတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်