
ရန်ကုန် ဇူလိုင် ၁၇
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခရိုင်မှ သတင်းမီဒီယာသမားများ ကျင့်ဝတ်နှင့် အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ သတင်းရယူနိုင်ရေးအတွက် အထောက်အကူပြုပစ္စည်းများနှင့် သတင်းမီဒီယာနည်းဥပဒေစာအုပ် များကို ကောင်စီတွဲဖက်အတွင်းရေးမှူး(၂) ဦးအောင်ပြည့်စုံနှင့် ကောင်စီဝင်များက သက်ဆိုင်ရာ ပြန်ဆက်ဦးစီးဌာန ခရိုင်ရုံးများမှ တစ်ဆင့် ပေးအပ်လှူဒါန်းရာ ဇူလိုင် ၁၂ ရက်မှ ၁၅ ရက်အထိ Press Helmet အလုံး ၁၀၀ နှင့် သတင်းမီဒီယာနည်းဥပဒေစာအုပ်များ ပေးအပ်လှူဒါန်းကြောင်းနှင့် လိုအပ်သောနေရာများသို့ ထပ်မံလှူဒါန်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်