
ရန်ကုန် ဩဂုတ် ၂၇
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ပြင်ဦးလွင်မြို့ရှိ သတင်းသမားများအတွက် Press Helmet များ ထောက်ပံ့ပေး အပ်သည့်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ရုံးစာကြည့်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါ်မြသက်အေး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)နှင့် ဒေသခံသတင်းမီဒီယာသမားများတက်ရောက်ကြသည်။ ယင်း အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ ထောက်ပံ့သော Press Helmet များကို ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး) က ပေးအပ်ပြီးသတင်း မီဒီယာသမားများ လိုက်နာ ကျင့်သုံးရမည့် ဥပဒေနည်းဥပဒေ များ ကို ရှင်းလင်းပြောပြကြောင်း သိရှိရသည်။
မောင်နိုင်