
ရန်ကုန် မတ် ၁၁
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပသော သတင်း အမှား သတင်းအမှန် ခွဲခြား သုံးသပ်နိုင်ရေး ပညာပေး ဆွေးနွေးဟောပြောပွဲကို ရန်ကုန် တိုင်းဒေသကြီး သာကေတ မြို့နယ် အ.မ.က(၂၅)၌ ယနေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီ အထိကျင်းပရာ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း (မောင်စိမ်းနောင် - လယ်ဝေး)၊ ကောင်စီဝင်များ ဖြစ်ကြသော ပါမောက္ခ ဒေါက်တာမြသိန်းဟန်၊ ဒေါက်တာ တင်အောင်ရွှေ (တင်အောင်ရွှေ - သုတေသီ) တို့က ဆွေးနွေး ဟောပြောခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်