
ရန်ကုန် ဇူလိုင် ၂၃
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် စာပေ အဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးခန်းတွင် ပြုလုပ်ရာ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာကလပ်၊ မြန်မာနိုင်ငံအားကစားသတင်းမီဒီယာ အဖွဲ့ ချုပ်တို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌက ယနေ့မျက်မှောက်ကာလ တွင် ဖြစ်ပေါ်နေသည့် သတင်းအမှန်များနှင့် သတင်းအတု သတင်းမှားများကို သတင်း မီဒီယာသမားများ၊ သတင်းဌာနများအနေနှင့် မှန်ကန်စွာ သုံးသပ်အတည်ပြု ဖြန့်ချိနိုင်ရေး၊ ပြည်သူတို့ထံ သတင်းအမှန်များ အချိန်မီ ရောက်ရှိနိုင်ရေး၊ ပြည်သူများ စိုးရိမ်ထိတ်လန့် စေမည့် လုပ်ကြံသတင်းများကို အမှန်အတိုင်း သိရှိနိုင်အောင် မိမိတို့သတင်းဌာနများ မှတစ်ဆင့် ဖော်ထုတ်တင်ပြနိုင်ရေး၊ သတင်း မီဒီယာသမားများ လိုအပ်သည့်အကူအညီများ ရှိပါက ကောင်စီသို့ညှိနှိုင်းတင်ပြရေးများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် အသင်းအဖွဲ့များက မိမိတို့အသင်းအဖွဲ့များအလိုက် လိုအပ်ချက် များကို ပြန်လည်ဆွေးနွေးသည်။
ဆွေးနွေးချက်များအပေါ် ဥက္ကဋ္ဌက ပြန်လည် ညှိနှိုင်းအကြံပြု ဆွေးနွေးပေးပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက စာပေအဖွဲ့အစည်းအသီးသီးသို့ အရင်းမပျောက် မတည်ငွေ ကျပ်သိန်း ၁၀၀၀ ထောက်ပံ့ကူညီလှူဒါန်းရာ အဆိုပါထောက်ပံ့ ငွေများကို မူလအလှူရှင်၏ ရည်မှန်းချက် အတိုင်း မိမိတို့အသင်းအဖွဲ့များအတွက် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေး စနစ်တကျ အသုံးပြုသွားရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။
မြန်မာ့အလင်း