မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အသိပေးကြေညာချက် ( ၅ /၂၀၂၃)

 

၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်၊ သောကြာနေ့


၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမား များ၏ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန်နှင့် နိုင်ငံ သားတိုင်း၏     သတင်းသိပိုင်ခွင့်ကို   ဖြည့်ဆည်းပေးရန်တို့အပြင် သတင်းမီဒီယာသမားများကို   အရည်အသွေးမြှင့်တင်ပေးရန်နှင့်   သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း ရည်ရွယ် ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။

၂။ ယင်းသို့ဆောင်ရွက်ရင်းမှပင် သတင်းမီဒီယာသမားများနှင့် ဌာန ဆိုင်ရာသတင်းအရင်းအမြစ်များအကြား  အငြင်းပွားဖွယ်ရာများ ကြောင့်ဖြစ်စေ၊  အခြားအကြောင်းများကြောင့်ဖြစ်စေ၊ အခက်အခဲ အကျပ်အတည်းများဖြင့်  ရင်ဆိုင်ရသည်များရှိပါက   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့်  နှစ်ဦးနှစ်ဖက်ပြေလည်မှုများ၊ သက်ဆိုင်ရာမှ ဖြေလျှော့ပေးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပါသည်။


၃။ ယနေ့ကာလတွင် နိုင်ငံတော်၏ဒီမိုကရေစီလမ်းကြောင်း တည့်မတ်  အောင်မြင်စွာ လျှောက်လှမ်းနိုင်စေရန်အတွက်လည်းကောင်း၊ စစ်မှန် တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် လည်း ကောင်း၊ တိုင်းရင်းသားပြည်သူအားလုံး၏ ငြိမ်းချမ်းသာယာဝပြော သောအနာဂတ်နှင့် ကောင်းမွန်သောပစ္စုပ္ပန်ကို အစိုးရနှင့်ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းလက်တွဲတည်ဆောက်ကြရမည့်အချိန်အခါ ဖြစ်သည့်အားလျော်စွာ သတင်းမီဒီယာသမားများ၊ သတင်းဌာနများ သည်လည်း  နိုင်ငံတော်၏စတုတ္ထမဏ္ဍိုင်အဖြစ်  တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

၄။ သို့ရာတွင် အချို့သောမီဒီယာသမားများနှင့် သတင်းဌာနများသည် သဘောထားရိုးဖြောင့်မှုမရှိဘဲ အထက်ပါ နိုင်ငံတော်နှင့် ပြည်သူများ၏ မျှော်မှန်းချက်ကိုသွေဖည်စေရန်   ရည်ရွယ်ချက် ရှိရှိဖြင့်   ကြံစည် ဆောင်ရွက်မှု၊ လှုံ့ဆော်မှုအချို့ကိုလည်းကောင်း၊ လူပုဂ္ဂိုလ်နှင့်အဖွဲ့ အစည်းတို့အပေါ် ပုတ်ခတ်မှုများကိုလည်းကောင်း ဆောင်ရွက်လျက် ရှိနေသည်ကို  လေ့လာတွေ့ရှိရပါသည်။ ထိုကဲ့သို့ ဆောင်ရွက်မှုသည် သတင်းမီဒီယာကဏ္ဍ၏  မှန်ကန်သောရပ်တည်မှုကို   ထိခိုက်လာ နိုင်သောကြောင့်   အဆိုပါလုပ်ရပ်များကို   တားမြစ်ပါကြောင်းနှင့် ထိုကဲ့သို့ဆောင်ရွက်မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့်ကိစ္စ ရပ်များကို    မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ  ကူညီဖြေရှင်း ပေးမည်မဟုတ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။


မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ