
နေပြည်တော် စက်တင်ဘာ ၁၄
ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ၏ (၅၄)ကြိမ်မြောက် အရှေ့ အာရှနှင့် ပစိဖိတ်ကော်မရှင် အစည်းအဝေး (Commission for East Asia & Pacific(CAP)54th Meeting)နှင့် (၃၃)ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှ ဒေသများအတွက် ပူးတွဲကော်မရှင် အစည်းအဝေး 33rd Commission for East Asia & the Pacific (CAP)-Commi- ssion for South Asia (CSA)Joint Meeting အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် Virtual ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် Online မှ ပါဝင် တက်ရောက်သည်။
အစည်းအဝေးများသို့ ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UN- WTO)၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံ များနှင့် တောင်အာရှနိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ မိတ်ဖက်အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးများ တွင် မလေးရှားနိုင်ငံ ခရီးသွား လုပ်ငန်း၊ အနုပညာနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ Deputy Secretary General ဖြစ်သူ Mr. Mohd Zamri bin Mat Zain က သဘာပတိအဖြစ် ဆောင်ရွက်ကာ မော်လ်ဒိုက်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး H.E. Dr. Abdulla Mausoom က ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ကြ ပြီး (၅၄) ကြိမ်မြောက် အရှေ့ အာရှနှင့် ပစိဖိတ်ကော်မရှင် အစည်းအဝေးတွင် (၂၄)ကြိမ် မြောက် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ အထွေထွေညီလာခံ ကျင်းပရေး အဖွဲ့အစည်းများအား သတ်မှတ်ခြင်းနှင့် မဲပေးရွေးချယ် ခြင်း၊ ၂၀၂၂ ခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ ကျင်းပမည့် တရား ဝင် အိမ်ရှင်နိုင်ငံအား ရွေးချယ် ခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ (၃၃)ကြိမ် မြောက် အရှေ့အာရှနှင့်ပစိဖိတ်ကော်မရှင်နှင့် တောင်အာရှ ကော်မရှင်ပူးတွဲအစည်းအဝေးကို ကျင်းပရာ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(UNWTO)၏ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili က ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ခရီး သွားလုပ်ငန်းဆိုင်ရာ အခြေအနေ များ၊ ကပ်ရောဂါအလွန်တွင် ဆောင်ရွက်သင့်သည့် လုပ်ငန်း များနှင့် အထူးသဖြင့် ကျေးလက် အခြေပြု ခရီးသွားလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုး တက်ရေးအစီအမံများကို ဆွေးနွေး တင်ပြပြီးနောက် အဖွဲ့ဝင်နိုင်ငံ များက နည်းပညာအထောက်အပံ့ ပေးရေးဆိုင်ရာ စီမံကိန်းအခြေ အနေ၊ ကမ္ဘာလှည့်ခရီးသွားများကို အကာအကွယ်ပေးရေးဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ် (မူကြမ်း) ရေးဆွဲဆောင်ရွက်နေမှု အခြေ အနေ၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ထိခိုက်မှုများမှ ခရီးသွားလုပ်ငန်း ပြန်လည် ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်ချက်အခြေအနေများ ကို ဆွေးနွေးကြသည်။
အစည်း အဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံသည် UNWTO အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ အခြား နိုင်ငံများနှင့်အတူ ခရီးသွား လုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများ တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ဆိုးရွား စွာထိခိုက်ခဲ့ရာ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သော စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင် နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် တွင် Myanmar Economic Recovery Plan ကို ရေးဆွဲခဲ့ပြီး စီးပွားရေးဆိုင်ရာ အထောက်အပံ့ များကိုလည်း အကူအညီပေးခဲ့ ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် UNWTO ၏ Guide Line များနှင့်အညီ Myanmar Tourism Strategic Recovery Road - map(2021-2025)ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။
ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်းစွာ တည်းခိုနိုင်ရေးနှင့် ဝန်ဆောင်မှု ရယူနိုင်ရေးတို့ အတွက် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍရှိ စီးပွားရေးလုပ်ငန်း များ အား Local, National နှင့် International အဆင့် (၃) ဆင့် ခွဲ၍ ကျန်းမာရေးနှင့်ညီညွတ်သော ဝန်ဆောင်မှုများ (Safe Services) ပေးအပ်ရေးနှင့် Certificate များ ထုတ်ပေးနိုင်ရန်အတွက် Encha- nting Myanmar Health and Safety Protocols ကို ရေးဆွဲပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် ခရီးသွားဧည့်သည် များအား ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များ ပံ့ပိုး ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရှိရင်းစွဲနှင့် ပေါ်ထွန်းလာမည့် ခရီးစဉ်ဒေသများကို အဓိက ခရီး သွားဈေးကွက်နိုင်ငံများမှ ခရီး သွားဧည့်သည်များ သိရှိ လာရောက် လည်ပတ်စေရေး အတွက် Digital Marketing Channel များမှတစ်ဆင့် မြှင့်တင် ကြော်ငြာလျက်ရှိကြောင်း၊ မြန်မာ နိုင်ငံသို့ ခရီးသွားလုပ်ငန်းအား ပြန်လည်စတင်ရာတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသ တွင်းနှင့် နိုင်ငံတကာအဆင့်သို့ တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည် ဖွင့်လှစ်သွားရန် ဆောင်ရွက် လျက်ရှိသည်တို့ကို ပြောကြားခဲ့ ကြောင်း သိရသည်။ သတင်းစဉ်