
နေပြည်တော် အောက်တိုဘာ ၁၉
2021 Global Rural Development Forum ကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ The National Rural Revitalization Administration မှ အိမ်ရှင်အဖြစ်လက်ခံ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
မိန့်ခွန်းပြောကြား
ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒုတိယ ဝန်ကြီးချုပ် H.E. Hu Chunhua က အဖွင့်မိန့်ခွန်း ပြောကြားပြီး Uzbekistan နိုင်ငံမှ ဒုတိယဝန်ကြီးချုပ် H.E. Jamshid Kuchkarov၊ FAO ညွှန်ကြားရေး မှူးချုပ် Dr. Qu Dongyu ၊ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြန်လည် ဆန်းသစ်ရေး စီမံခန့်ခွဲမှုအဖွဲ့မှ Administrator တို့က ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ မြှင့်တင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသည်။
ရေးဆွဲဆောင်ရွက်လျက်ရှိ
ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များပြည့်မီစေရေး ဆင်းရဲမှုလျှော့ချ ရေးလုပ်ငန်းစဉ်များချမှတ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အမြဲအလေးထား ကာ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ တိုင်း ဒေသကြီးများနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းစေရေး အလေးပေးဆောင် ရွက်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးရေး မဟာဗျူဟာတွင် လည်း စီးပွားရေးဟန်ချက်ညီညီ ဖွံ့ဖြိုးလာစေရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများအား အရှိန်အဟုန် မြှင့် ဆောင်ရွက်ရေးတို့ကို တစ်ပြိုင်နက်တည်း ဦးစား ပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့ကို ပြန်လည်ကုစားနိုင်ရန်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားရေရှည် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်တစ်ရပ် ဖြစ်ပေါ်စေရေးအတွက် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် MERRP ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်
ကျေးလက်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေမြင့်မားရေး၊ အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ အခြေပြုသမဝါယမဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကအလေးပေး အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး အတွက် အဓိကမောင်းနှင်အားဖြစ်သည့် ကျေးလက် အမျိုးသမီးများနှင့် လူငယ်များ၏ အခန်းကဏ္ဍ ကိုလည်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် လူထုအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသော နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် ကိုယ်စားလှယ်ကြီးများနှင့် ကုလသမဂ္ဂအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များက ဆင်းရဲမှုလျှော့ချရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်များ နှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ အောင်မြင်မှုများ၊ အတွေ့အကြုံကောင်းများနှင့် ရှေ့ဆက်ဆောင်ရွက် မည့်အစီအစဉ်များကို ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမှုလျှော့ချ ရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း ပတ်ဝန်းကျင်တိုးတက်ပြောင်းလဲရေးဆိုင်ရာ ကဏ္ဍတို့ကို အုပ်စု များခွဲ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်