
နေပြည်တော် မတ် ၄
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ ၂၀၂၀ ဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသရှိ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း စီမံကိန်းအရ မြန်မာနိုင်ငံသမဝါယမ လှုပ်ရှားမှုဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိ သူများ၊ ဗဟိုသမဝါယမ အသင်းမှ တာဝန်ရှိသူများနှင့် ပြည်တွင်းပညာရှင်များ၊ ဌာနဝန်ထမ်းများ၊ သမဝါယမအသင်း အဆင့်ဆင့်ရှိ အသင်းအမှုဆောင် နှင့်အသင်းသားများ တက်ရောက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် သမဝါယမဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ကိုလိုနီခေတ် သမဝါယမ၊ ပါလီမန်ခေတ်သမဝါယမ၊ ဆိုရှယ်လစ် သမဝါယမနှင့် မျက်မှောက်ခေတ် သမဝါယမတို့၏ ခေတ်အဆက်ဆက်လှုပ်ရှားမှု မြန်မာ့သမဝါယမ၏သမိုင်းကြောင်းနှင့် ဖိတ်ကြားထားသော ပုဂ္ဂိုလ်များက မြန်မာ့သမဝါယမ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အားသာ ချက်၊ အားနည်းချက်များကို သုံးသပ်ဆွေးနွေးခြင်းများ၊ မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဆွေးနွေး ခြင်းများ ပြုလုပ်ကြပြီး ဆွေးနွေးပွဲကို ညနေ ၄ နာရီခွဲတွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရ သည်။
သတင်းစဉ်