
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်း မြူနီစပယ်အုပ်ချုပ်ရေး မြို့ ဂေါ်ရန်ဆိပ်ကမ်းမှ ရန်ကုန် မြို့အထိ ကုန်သေတ္တာသယ်ဆောင် သည့် ပထမဆုံး မီးရထားခရီး စဉ်ကို ဧပြီ ၇ ရက်တွင်စတင် ဖွင့်လှစ်ခဲ့ကြောင်း တရုတ်နေ့စဉ် သတင်းစာ၌ ဖော်ပြထားသည်။ ယခု မီးရထားလမ်းကြောင်းသစ် သည် တရုတ်နိုင်ငံ ယန်ဇီမြစ်ဝှမ်း မှ အင်ဒိုချိုင်းနား ကျွန်းဆွယ်အထိ လမ်းကြောင်းဖြစ်ပြီး ကုန်းတွင်း ဆိပ်ကမ်းမှ ရန်ကုန်မြို့အထိ ဖြစ်ကာ တရုတ် အနောက်တောင် ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်သည့် လမ်းကြောင်းသစ် လည်းဖြစ်သည်။ တရုတ်အနောက် ပိုင်းဒေသနှင့် စင်ကာပူနိုင်ငံ တို့အကြား ပူးပေါင်းဖော်ဆောင်ခဲ့ သည့် ကုန်သွယ်မှုနှင့်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်သော အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း- ပင်လယ်ကုန်သွယ်ရေးစင်္ကြံအသစ် ၏ မူဘောင်အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပြီး လမ်းကြောင်း သစ်အရ ယခင်က ကုန်စည် ပို့ဆောင်ရန် ကြာမြင့်ချိန်ထက် ရက် ၂၀ သက်သာစေမည်ဟု သိရသည်။ တရုတ်သည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ အပြည် ပြည်ဆိုင်ရာ ကုန်းတွင်း-ပင်လယ် ကုန်သွယ်ရေးစင်္ကြံအရ ကမ္ဘာ ပေါ်ရှိ ဒေသ ၁၀၇ ခု၊ ဆိပ်ကမ်း ၃၁၇ ခုတို့နှင့် ကုန်စည်ပို့ဆောင် နိုင်ပြီဖြစ်သည်။