မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည်

 

နေပြည်တော်   ဒီဇင်ဘာ  ၂၉


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည်  သုတေသနဆောင်ရွက်ပုံနည်းလမ်း များအတိုင်း     စနစ်တကျ   သုတေသန ပြုလုပ်ခြင်းမှတစ်ဆင့်         ရရှိလာသည့်   ကိန်းဂဏန်း         အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊   အသင်းအဖွဲ့ များနှင့် ပြည်သူများအကြား ကျယ်ကျယ် ပြန့်ပြန့်  သိရှိနိုင်ရန်နှင့်    သုတေသနတွေ့ရှိ ချက်များကိုအခြေခံ၍  ဟိုတယ်နှင့်  ခရီး သွားလုပ်ငန်းများ      ဖွံ့ဖြိုးတိုးတက်ရေးကို  ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ် ၍ ခရီးသွားစစ်တမ်းများ စတင်ကောက်ယူ ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင်   နေပြည်တော်ရှိ    ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်း ခန်းမ၌ ကျင်းပသည်။  
 အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊  ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊      အမြဲတမ်းအတွင်းဝန်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊    ဗဟိုစာရင်းအင်း အဖွဲ့၊        လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့်      အမျိုးသား ပြတိုက်ဦးစီးဌာနနှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီး များ၊   ဝန်ကြီးဌာနမှ    တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရအဖွဲ့ ရုံးများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲတာဝန်ခံများ၊     မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်     ညီနောင် အသင်းများမှ  တာဝန်ရှိသူများက Video Conferencing   ဖြင့်    Online    မှ တက်ရောက်ကြသည်။
အခမ်းအနားတွင်     ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက် များကို သိရှိနိုင်စေရန်အတွက် ပြည်တွင်း ပြည်ပ ခရီးသွားစစ်တမ်းများကို ကောက်ယူ မည်ဖြစ်ကြောင်း၊   ပြည်တွင်းခရီးသွား စစ်တမ်းကို    နေပြည်တော်၊     ရန်ကုန်၊ မန္တလေး အပါအဝင်  မြို့ပေါင်း  ၁၉  မြို့ရှိ ခရီးသွားဆွဲဆောင်ရာ        နေရာများ၊ ဝင်/ ထွက်ပေါက်များ၊  မီးရထားဘူတာရုံ များတွင်     ကောက်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့  လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း နှင့် မူဆယ်မြို့များရှိ   အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့်     နယ်စပ်ဝင်ပေါက် များတွင်       ကောက်ယူသွားမည်ဖြစ် ပါကြောင်း။ 
ယခု    စစ်တမ်းကောက်ယူသွားမည့် ဝန်ထမ်းများအနေဖြင့်  အတွေ့အကြုံရှိပြီး ဖြစ်သူများပါဝင်သကဲ့သို့   ယခုမှ  စတင် ကောက်ယူမည့်သူများလည်း   ပါဝင်သည့် အတွက်      လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို  သေချာလေ့လာသင်ယူ ပြီး အရည်အသွေးပြည့်ဝသော၊ ကိုးကား နိုင်သော         ခရီးသွားလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ၊  တွေ့ရှိ ချက်များရရှိအောင်      ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေ     လိုပါကြောင်း၊ မြန်မာနိုင်ငံ၏  ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနကဏ္ဍ   ဖွံ့ဖြိုးတိုးတက်လာပြီး တိကျခိုင်မာသော    စာရင်းအင်းအချက် အလက်များ ထုတ်ပြန်ကာ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်သော    ခရီးသွားလုပ်ငန်း ဖော်ဆောင်ရာတွင်   တိကျမှန်ကန်သည့် မူဝါဒ၊  ပန်းတိုင်များ    ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်က   ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေ       လိုပါကြောင်း တိုက်တွန်းပြောကြားသည်။
အဆိုပါ ခရီးသွားစစ်တမ်း ကောက်ယူ မှုအစီအစဉ်အရ     ပြည်တွင်းခရီးသွား များကို   ဒီဇင်ဘာ ၃၀   ရက်မှ    စတင် ကောက်ယူသွားမည်ဖြစ်ကြောင်း    သိရ သည်။

သတင်းစဉ်