မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ဒသမအကြိမ်စည်းဝေး

 

နေပြည်တော် နိုဝင်ဘာ ၂၂


မြန်မာနိုင်ငံသို့ AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏    ဒသမအကြိမ်   အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင်     နိုင်ငံ ခြားရေးဝန်ကြီးဌာန  ဧရာဝတီ ခန်းမ၌  ကျင်းပသည်။ 

 


အစည်းအဝေးကို   လုပ်ငန်း အဖွဲ့၏            ဥက္ကဋ္ဌဖြစ်သော အပြည်ပြည်ဆိုင်ရာ         ပူးပေါင်း ဆောင်ရွက်ရေး       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က  ဦးဆောင်၍   ကျင်းပခဲ့ပြီး လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌများ ဖြစ်သော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်ခိုင်ဝင်း၊      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး          ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့်   သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ  လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင်လူသားချင်း စာနာထောက်ထားမှုအကူအညီ များ   ဖြန့်ဝေနိုင်ရေးအစီအစဉ် ဒုတိယအဆင့်ဖြစ်သော    ဘဝ တည်မြဲရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်ခြင်းဆိုင်ရာ  လိုအပ် ချက် ပူးတွဲလေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက် မှုများကို ဆွေးနွေးခဲ့ပြီး မြေပြင် လုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့ စေရေးအတွက်   သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ပေါင်းစပ် ဆောင်ရွက်နိုင်ရေးအပေါ်  ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံ တစ်ဝန်းရှိ အကူအညီများ လိုအပ် လျက်ရှိသည့် ပြည်သူများထံသို့ ပိုမိုကျယ်ပြန့်သည့်   လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ     ပေးအပ်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအပေါ်       ဆက်လက် ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။   


သတင်းစဉ်