မြန်မာနိုင်ငံသို့ အာဆီယံ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဧပြီ   ၈


မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်း စာနာထောက်ထားမှု      အကူ အညီပေးအပ်ရေး     ညှိနှိုင်းမှုဗဟို ဌာန    (ASEAN   Coordinating Centre     for    Humanitarian Assistance       on      Disaster Management- AHA    Centre) မှတစ်ဆင့်    လူသားချင်းစာနာ  ထောက်ထားမှုဆိုင်ရာအကူအညီ ပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်း အဖွဲ့၏     ဆဋ္ဌမအကြိမ်   အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင်   နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။ 

 


အစည်းအဝေးကို   လုပ်ငန်း အဖွဲ့၏ ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး  ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်   ဦးဆောင်၍  ကျင်းပခဲ့ပြီး လုပ်ငန်းအဖွဲ့၏     ဒုတိယဥက္ကဋ္ဌ များ၊    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့  အဖွဲ့ဝင်များ  တက် ရောက်ကြသည်။ 

 


အစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင် ၍ အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ဒုတိယ အဆင့်ပေးအပ်ရေးဆိုင်ရာ Con-sultative Meeting ကျင်းပမည့် ကိစ္စနှင့် ဒုတိယအဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ များ ဖြန့်ဝေရာတွင် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံသို့ အဆင်ပြေချောမွေ့စွာ    ဖြန့်ဖြူး  ပေးဝေနိုင်ရေး   ကိစ္စများအတွက် လိုအပ်သည်များ  ညှိနှိုင်းဆွေးနွေး ကြသည်။ 

 


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်း အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးများနှင့်     အဖွဲ့ဝင်များက အာဆီယံ၏     လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ဒုတိယ အဆင့် လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ အကောင်အထည်ဖော် နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများ အပေါ် အမြင်ချင်းဖလှယ် အကြံပြု ဆွေးနွေးကြသည်။    

သတင်းစဉ်