မြန်မာနိုင်ငံသို့ အာဆီယံ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ် အစည်းအဝေးကျင်းပ

 

နေပြည်တော်   မတ်   ၁၁


မြန်မာနိုင်ငံသို့       အာဆီယံလူသားချင်းစာနာ ထောက်ထားမှု   အကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာန (ASEAN  Coordinating Centre for Humanitarian Assistance on Disaster Manage-ment- AHA Centre) မှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီ ပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။  

 


အစည်းအဝေးကို လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ လုပ်ငန်းအဖွဲ့၏   ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင် များ တက်ရောက်ကြသည်။

 

 
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်က ဦးဆောင်၍ မြန်မာနိုင်ငံသို့ AHA Centre မှ တစ်ဆင့် အာဆီယံ၏ လူသားချင်းစာနာထောက်ထား မှု အကူအညီပေးအပ်ရေးဆိုင်ရာကိစ္စရပ်များ၊ လူသား ချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေရာ တွင် ဦးစားပေးဒေသများနှင့် ဦးစားပေးရရှိလိုသည့် အကူအညီများနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးများနှင့် အဖွဲ့ဝင်များက အာဆီယံ၏ လူသား ချင်းစာနာထောက်ထားမှု အကူအညီ ဒုတိယအဆင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများအပေါ် အမြင် ချင်းဖလှယ် အကြံပြုဆွေးနွေးကြသည်။

 

သတင်းစဉ်