
၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့််ကျော် ၁၂ ရက်
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။ ထိုမိန့်ခွန်းတွင် တစ်နိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ရည်ရွယ်လျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းပြောကြားချက်သည် တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်သောငြိမ်းချမ်းရေးရရှိစေရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည့် အတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ကြိုဆိုထောက်ခံပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)