မြန်မာနိုင်ငံသားတစ်ဦး စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ပျောက်ဆုံးခဲ့သည့် ငွေသားနှင့်ပစ္စည်းများအား ကာယကံရှင်ထံ ပြန်လည်ပေးအပ်

နေပြည်တော်    ဧပြီ    ၄
မြန်မာနိုင်ငံသားဖြစ်သူ ဒေါ်ခိုင်ခိုင် ဆွေသည်      ရန်ကုန်အခြေစိုက် ဂန္တဝင်    ခရီးသွားလာရေးကုမ္ပဏီ ဖြင့်  ၂၀၁၅  ခုနှစ်တွင်  စင်ကာပူ နိုင်ငံသို့  သွားရောက်လည်ပတ်ခဲ့ စဉ်  အမေရိကန်ဒေါ်လာ  ၃၀၄၈ ဒေါ်လာ၊ စင်ကာပူဒေါ်လာ   ၇၈၉ ဒေါ်လာ၊   KBZ   Master  ကတ် တစ်ကတ်နှင့် AYA  Bank  ကတ်    နှစ်ကတ်တို့အား     ပျောက်ဆုံးခဲ့ ကြောင်းသိရှိရသည်။
အဆိုပါ    ပျောက်ဆုံးခဲ့သည့် ငွေသားနှင့်       ပစ္စည်းများအား စင်ကာပူနိုင်ငံ၊ ရဲတပ်ဖွဲ့ Lost  and Found ဌာနမှ ၂၀၂၁ ခုနှစ် ဒီဇင် ဘာ ၂၉ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ သဖြင့် မြန်မာသံရုံး စင်ကာပူမြို့သို့  လာရောက်အပ်နှံခဲ့သည်။ မြန်မာ သံရုံးအနေဖြင့်     ကာယကံရှင် ဒေါ်ခိုင်ခိုင်ဆွေနှင့်        အဆက် အသွယ်        ရရှိနိုင်ရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့ သော်လည်း  အဆက်အသွယ်မရ သဖြင့် ၎င်းငွေသားနှင့် ပစ္စည်းများ အား မြန်မာသံရုံး၌    စနစ်တကျ ထိန်းသိမ်းထားရှိခဲ့ကြောင်း   သိရှိ ရသည်။
ယနေ့တွင်    ဒေါ်ခိုင်ခိုင်ဆွေ နှင့်   အဆက်အသွယ်ရရှိခဲ့သဖြင့် မွန်းလွဲပိုင်း၌      သံရုံး      ယာယီ တာဝန်ခံ/ သံအမတ် ဦးဇော်ဇော်စိုး နှင့် တာဝန်ရှိသူများက ထိန်းသိမ်း ထားရှိထားသည့်      ငွေသားနှင့် ပစ္စည်းများအား     ကာယကံရှင် ဖြစ်သူ ဒေါ်ခိုင်ခိုင်ဆွေထံ ပြန်လည် လွှဲပြောင်း       ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။      သတင်းစဉ်