မြန်မာနိုင်ငံသားများတင်ဆောင်၍ ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များ မြန်မာ့ရေပြင်နယ်နိမိတ်အတွင်း ရောက်ရှိခုတ်မောင်းလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး       မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ  မလေးရှား နိုင်ငံရောက်   မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား   ပြန်လည်ခေါ် ဆောင်လာသော   စစ်ရေယာဉ် များသည်  ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင်   မြန်မာ့ရေပြင် နယ်နိမိတ်အတွင်း    ရောက်ရှိခဲ့ သည်။     မြန်မာ့ရေပြင်အတွင်း ဝင်ရောက်ချိန်တွင်     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှနွေးထွေး ပျူငှာစွာ        ကြိုဆိုနိုင်ရေး အတွက် စေလွှတ်ပေးလိုက်သော တပ်မတော်  စစ်ရေယာဉ်များက ပင်လယ်ပြင်တွင်     လာရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ 
စစ်ရေယာဉ်များပေါ်တွင် ခေါ် ဆောင်လာသော    မြန်မာနိုင်ငံ သားများသည်  မလေးရှားနိုင်ငံ၌ အချိန်ကြာမြင့်စွာ     နေထိုင်ခဲ့ ကြရသဖြင့်             မြန်မာ့ရေပြင် အတွင်း ပြန်လည်ဝင်ရောက်ချိန်၌   စစ်ရေယာဉ်များ၏    ကုန်းပတ် အသီးသီးပေါ် တက်ရောက်ကြပြီး မြန်မာ့ရေပြင်၊    မြန်မာ့ရှုခင်းများ အား ကြည့်ရှုခံစားရင်း  လိုက်ပါ လာခဲ့ကြသည်။ ထို့ပြင် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်နယ်မြေ အတွင်းရှိ     ဇာဒက်ကြီးကျွန်း  ရေတပ်         အခြေစိုက်စခန်းမှ စစ်သည်၊  ရဲမေများက ချက်ပြုတ် ပေးသော    မြန်မာအစားအစာ မုန့်ဟင်းခါးများအား    တပ်မတော်    စစ်ရေယာဉ်ဖြင့်   ပင်လယ်ပြင်သို့    လာရောက်   ပို့ဆောင်ပေးခဲ့ရာ နံနက်စာအဖြစ်စားသုံးခဲ့ကြသည်။ 
စစ်ရေယာဉ်  များပေါ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်မှ    ဆရာဝန်များ၊ သူနာပြုများကလည်း   မိမိနိုင်ငံ သားများ၏ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများအား   အနီး ကပ်     ဆောင်ရွက်ပေးလျက်ရှိ သည်။ မြန်မာနိုင်ငံသို့  ပြန်လည် ရောက်ရှိချိန်တွင်  နေရပ်ပြန်နိုင် ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်       ပြန်လည် နေရာချထားရေးဝန်ကြီးဌာနဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်