မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သဘောထားထုတ်ပြန်ချက်

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်
၁။    ၂၀၂၂ ခုနှစ်၊  ဒီဇင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလ ဆိပ်ကမ်းသို့ မောင်းနှင်လာသော ချယ်ရီ(၂)ရေယာဉ်ကို အကြမ်းဖက်သမားအချို့က လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်းနှင့် အပြစ်မဲ့ခရီးသွားပြည်သူ စုစုပေါင်း ၁၇ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ ခဲ့ပါကြောင်း ကြားသိရပါသည်။
၂။    ဤသို့ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် ရေယာဉ်အား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် လုပ်ရပ်ကို   မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက  ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း  သဘောထား ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး