
ရန်ကုန် မေ ၂၉
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ နဝမအကြိမ်မြောက် ဆန်၊ ဆီ စားဖွယ်များလှူဒါန်းပွဲကို မေ ၂၅ ရက်မှ ၃၀ရက်အထိ ကျင်းပသည်။ အလွှာ(၁၀)လွှာမှ လိုအပ်နေသော ရုပ်ရှင်ဗီဒီယို လောကသားများ သည် သတ်မှတ်ထားသော နေ့ အလိုက် လာရောက်လက်ခံကြ သည်။ မေ ၂၅ ရက်တွင် အဓိက သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဗီဒီယို၊ အုပ်ချုပ်/ ဖြန့်ချိအလွှာများကို လည်းကောင်း၊ မေ ၂၆ ရက်တွင် ထုတ်လုပ်သူ၊ ဇာတ်လမ်း/ဇာတ်ညွှန်း၊ တည်းဖြတ်/မှတ်တမ်း၊ ရုပ်ရှင်ပြဇာတ်နှင့် နောက်ခံ တေးဂီတအလွှာတို့ကို လည်း ကောင်း၊ မေ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် စက်မှုအခြေခံအလွှာကို လည်းကောင်း၊ မေ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဇာတ်ပို့/ဇာတ်ရံ အခြေခံအလွှာတို့ကို ရုပ်ရှင် အစည်းအရုံးက ဆန်၊ ဆီ၊ ကုလား ပဲ၊ ငါးသေတ္တာ၊ ဆားတို့ လှူဒါန်း ပြီး ပရဟိတအဖွဲ့အစည်းများဖြစ် သော မွန်မြတ်စိတ်ထား တွယ်ရာ မဲ့ ဘိုးဘွားရိပ်သာ၊ ကြယ်ပွင့်လေး များ က လေးသရုပ်ဆောင်ပရဟိတ အဖွဲ့၊ ကိုခန့်(ခန့်စည်သူ)တို့အဖွဲ့၊ ဒေါက်တာ ချစ်ထိုက် မြန်မာ နှလုံးသားဖောင်ဒေးရှင်း၊ တေး သံရှင် သရုပ်ဆောင် ဒေါက်တာ အောင်ကျော်မိုး၊ ဒေါ်ညိုညိုဦး မင်္ဂလာမေ အမျိုးသမီးပရဟိတ အဖွဲ့များက မိမိတို့ လှူဒါန်းနိုင် သောပစ္စည်းများကို လာရောက် လှူဒါန်းသည်။ ထို့ပြင် ဒေါက်တာ အောင်မိုးဝင်း သွားနှင့်ခံတွင်း ဆေးခန်းကလည်း အခမဲ့ ကျန်းမာ ရေး စောင့်ရှောက်ပေးသည်။ အလှူရှင်များကိုယ်စား မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး တာဝန် ရှိသူများနှင့် ရုပ်ရှင်သရုပ်ဆောင် များက လှူဒါန်းပေးကြသည်ကို တွေ့ရှိရသည်။
သတင်းစဉ်