မြန်မာနိုင်ငံရှိ ပြည်သူများအတွက် စနစ်တကျရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ အကူအညီများ ပေးအပ်လျက်ရှိသည့် အခြေအနေဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၀


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည်     ယနေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ  ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏    မြန်မာနိုင်ငံဆိုင်ရာ   အကြီးအကဲ Mr. Dragan Aleksoski   အား  အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration- IOM)အနေဖြင့်    မြန်မာနိုင်ငံရှိ  ပြည်သူများအတွက် စနစ်တကျ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ    ဝန်ဆောင် မှုများ၊ အကူအညီများ    ပေးအပ်လျက်ရှိသည့်   အခြေအနေနှင့်   IOM  ၏  မြန်မာနိုင်ငံ၌   ဆောင်ရွက်လျက်ရှိ သော လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 


တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ   အဆင့်မြင့်အရာရှိကြီးများ      တက်ရောက်ခဲ့ကြကြောင်း သိရသည်။   


သတင်းစဉ်