မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံသို့ ထိုင်းနိုင်ငံမှပေးပို့သည့် အကူအညီပစ္စည်းများအား လွှဲပြောင်းလက်ခံ

 

ရန်ကုန်  ဇူလိုင်  ၁၈


ထိုင်းနိုင်ငံရှိ      Siam Cement Group (SCG)   ကုမ္ပဏီ၊   ထိုင်း ကြက်ခြေနီအသင်းနှင့်       ထိုင်း အယုဒ္ဓယဘဏ်တို့မှ မိုခါမုန်တိုင်း ဒဏ်သင့်ဒေသရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းသည့်     ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း ခြင်းကို    ယနေ့နံနက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်    မိသားစု ရပ်ကွက် ကမ်းနားကွန်ကရစ်လမ်း  ဗိုလ်အောင်ကျော်    ဆိပ်ကမ်း၌ ပြုလုပ်သည်။

 


ရှေးဦးစွာ  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး  H.E. Mr. Mongkol    Visitstump        က ကယ်ဆယ်ထောက်ပံ့ရေး   ပစ္စည်း များ   လှူဒါန်းရခြင်းအကြောင်းကို ပြောကြားသည်။

 


ထို့နောက်  ရန်ကုန်တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်   ဦးစိုးသိန်းက ထိုင်းနိုင်ငံမှ  ယခုလိုလူသားချင်း စာနာထောက်ထားပြီး အိမ်နီးချင်း ချစ်ကြည်ရင်းနှီးမှုဖြင့်   မိသားစု စိတ်ဓာတ်ကိုအခြေခံပြီး    ယခုလို ကယ်ဆယ်ထောက်ပံ့ရေး  ပစ္စည်း များ ပေးပို့ခြင်းအတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့်    နိုင်ငံတော် အစိုးရ၏ ထိရောက်သောစီမံခန့်ခွဲ မှု၊    ဝန်ကြီးဌာနများ၊  တပ်မတော် သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊      မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  လူမှုရေး အသင်းအဖွဲ့များနှင့်   ပြည်သူများ ၏        စုပေါင်းစွမ်းအားများဖြင့် မုန်တိုင်းဒဏ်သင့်      ဒေသများကို ပြန်လည်ထူထောင်ရေး     လုပ်ငန်း များနှင့်လူမှုစီးပွားဘဝကို   ပုံမှန် အခြေအနေသို့  အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်ရေး    ဆောင်ရွက်ပေး လျက်ရှိနေမှုများကို     ပြောကြား သည်။

 


ယင်းနောက်           ထိုင်းနိုင်ငံ သံအမတ်ကြီးက        ကယ်ဆယ် ထောက်ပံ့ရေး     ပစ္စည်းများဖြစ် သည့်  သွပ် အချပ် ၆၅၀၊    သွပ်သံ သုံးဘူး၊  သံမျိုးစုံ ၁၂ ဘူး၊ ဆိုလာ မီး    ဝပ်  ၆၀    အလုံး ၂၀ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်အား လည်းကောင်း၊  ထိုင်းကြက်ခြေနီ အသင်းနှင့်   ထိုင်းအယုဒ္ဓယဘဏ် တို့မှ      လှူဒါန်းပစ္စည်းများအား ထိုင်းကြက်ခြေနီအသင်း တာဝန်ရှိ သူများက မြန်မာနိုင်ငံကြက်ခြေနီ အသင်း           တာဝန်ရှိသူများထံ လည်းကောင်း လွှဲပြောင်းပေးအပ် ကြပြီး အဆိုပါလှူဒါန်းပစ္စည်း များကို        ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင်     ဆိုက်ကပ်ထား သော    ထောက်ပံ့ပို့ဆောင်ရေး သင်္ဘော  MCL - 3 ဖြင့် မိုခါမုန်တိုင်း ဒဏ်သင့်ဒေသများရှိ ပြည်သူများ ထံသို့   ဆက်လက်ပေးပို့ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန်/ဆက်)