မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (၁၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၂၇


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ နိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို  ဇန်နဝါရီ ၂၅ ရက် နံနက်  ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ   အခမ်းအနားသို့    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊   ဖိတ်ကြားထားသူများ၊  ဘွဲ့ရ ကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက် ကြသည်။


အခမ်းအနားတွင်   ပါမောက္ခချုပ်  ဒေါက်တာ မြတ်လွင်က ဘာသာရပ်အလိုက် ပညာရည်ထူးချွန် ဆုရ ကျောင်းသား  ကျောင်းသူ   ကိုးဦးကို ဆုများ ပေးအပ်ချီးမြှင့်သည်။ 


ထို့နောက်        မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင်က ရေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာဘွဲ့ရ ၂၇ ဦး၊ ရေကြောင်းအင်ဂျင်နီယာဘွဲ့ရ ၃၅ ဦး၊ ဆိပ်ကမ်း အင်ဂျင်နီယာဘွဲ့ရ ၂၉  ဦး၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာဘွဲ့ရ လေးဦး၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်အင်ဂျင်နီယာဘွဲ့ရ   ၁၆   ဦး၊ ရေကြောင်း      စက်မှုအင်ဂျင်နီယာဘွဲ့ရ     ၁၂   ဦး၊ ရေကြောင်းသိပ္ပံဂုဏ်ထူးဘွဲ့ရ  ရှစ်ဦး ၊ ရေကြောင်း သိပ္ပံဘွဲ့ရ   နှစ်ဦး၊   သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှု၊  ဆိပ်ကမ်းစီမံခန့်ခွဲမှုနှင့် ထောက်ပံ့သယ်ယူပို့ဆောင် ရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ  ၇၆   ဦး   စုစုပေါင်း ဘွဲ့ရရှိသူ  ၂၀၉ ဦး တို့ကို သက်ဆိုင်ရာ ဘွဲ့လက်မှတ်နှင့် ဒီပလိုမာဘွဲ့ လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။ 


မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အား ၂၀၀၂  ခုနှစ်တွင်  စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၂၄   ခုနှစ်အထိ  ဘွဲ့နှင်းသဘင်အခမ်းအနားကို (၁၇)ကြိမ်  ကျင်းပခဲ့ရာ  ရေကြောင်းဘက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့  ၃၃၂၅ ဦးနှင့်  သိပ္ပံဂုဏ်ထူးနှင့် သိပ္ပံဘွဲ့ရ  ၁၁၇၉  ဦး၊   ဒီပလိုမာဘွဲ့ရရှိသူ  ၁၁၉၀၊ အင်ဂျင်နီယာဒီပလိုမာဘွဲ့ရရှိသူ ၁၁ ဦးနှင့်  မဟာဘွဲ့ ရရှိသူ ၂၂ ဦး   စုစုပေါင်း   ဘွဲ့ရရှိသူ  ၅၇၂၇ ဦးကို  မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်