
ရန်ကုန် စက်တင်ဘာ ၂၃
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အရာရှိတပ်ဖွဲ့ဝင် ၁၄ ဦး၊ အခြားအဆင့်တပ်ဖွဲ့ဝင် ၁၀၆ ဦး စုစုပေါင်း ၁၂၀ တို့သည် ယနေ့ နံနက် ပိုင်းက ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက် ဦးဝိစာရလမ်း၊ အမှတ်(၂) တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) ၌ စုပေါင်းသွေးလှူဒါန်းကြသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းမှုကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးကြည် ဦးဆောင်၍ ခရိုင်ရဲတပ်ဖွဲ့မှူးများ တက်ရောက်အားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။
မြန်မာ့အလင်း