
နေပြည်တော် စက်တင်ဘာ ၁၉
၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လောက်ကိုင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအေး ဦးစီးတပ်ဖွဲ့ဝင်များ၊ ရဲစခန်းမှူး များ၊ အမှတ် (၂၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၁၇)မှုခင်းရဲတပ်ဖွဲ့စိတ်၊ အမှတ်(၁၆)သတင်းရဲတပ်ဖွဲ့စု၊ အမှတ် (၁)လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စိတ်၊ အမှတ်(၂၁) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ အမှတ်(၁၂၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုများမှ ရဲအုပ်အဆင့်နှင့် အထက်အရာရှိများအားစုစည်း၍ စက်တင်ဘာ ၁၈ ရက် နံနက် ၅ နာရီ ခွဲက လောက်ကိုင်မြို့ ရင်ဖုန်းဝိုင်းမှ တောင်ညီနောင် အသွား-အပြန် အကွာအဝေး ငါးမိုင် လမ်းလျှောက်ပြိုင်ပွဲ ကျင်းပပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား၌ ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုဇော်