မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၀၇/၂၀၂၁)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၂၂


ပြည်ထဲရေးဝန်ကြီးဌာန မြန်မာ နိုင်ငံရဲတပ်ဖွဲ့      ဒုတိယရဲအုပ် လောင်း     သင်တန်းအမှတ်စဉ် (၁၀၇)    ရဲသီဟတပ်ခွဲ    သင်တန်း ဆင်းပွဲ  အခမ်းအနားကို  ယနေ့ နံနက် ၇ နာရီခွဲက မန္တလေးတိုင်း ဒေသကြီး        ပြင်ဦးလွင်မြို့နယ် ရဲအရာရှိ   လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။

 


ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်း ထက်က  ဒုတိယရဲအုပ်လောင်းများ ၏  အလေးပြုခြင်းကို   ခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေး ပြီး   ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊   အမြန်လျှောက် ဖြင့်      ချီတက်အလေးပြုသည်။ ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အကောင်းဆုံး ကျောင်း သားဆုရ   ဒုတိယရဲအုပ်လောင်း သူရဇော်၊      ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖြိုးဝေလင်း၊ လေ့ကျင့်ရေး ထူးချွန် ဆုရ       ဒုတိယရဲအုပ်လောင်း သူရဇော်၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ထက်နိုင်လင်း၊      အင်္ဂလိပ်စာ ဘာသာရပ် ထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း      ရဲရင့်နိုင်တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။

 


ထို့နောက်      မြန်မာနိုင်ငံ ရဲတပ်ဖွဲ့   ရဲချုပ်က  အမှာစကား ပြောကြားရာတွင် သင်တန်းဆင်း ဒုတိယ  ရဲအုပ်လောင်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေါင်း ဆောင်ငယ်များအဖြစ် တာ၀န် ထမ်းဆောင်ကြရမည့် အရာရှိများ ဖြစ်သောကြောင့် ခေါင်းဆောင်မှု အရည်အသွေး၊ စောင့်စည်းရမည့် ကျင့်၀တ်သိက္ခာ၊   ထားရှိရမည့် ရည်မှန်းချက်များကို ကောင်းစွာ သိရှိနားလည်ပြီး       တိုးတက် ပြောင်းလဲနေသည့် မျက်မှောက် ခေတ်ကာလတွင်   ပြည်သူများ ဘဝ     အေးချမ်းသာယာဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပြည်တွင်း လုံခြုံရေးနှင့်   ရပ်ရွာအေးချမ်း သာယာရေး၊   တရားဥပဒေစိုးမိုး ရေး၊    မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊   ပြည်သူ့ အကျိုးပြုလုပ်ငန်းများ   ဆောင် ရွက်ရေးဆိုသည့်   ရည်မှန်းချက် တာဝန် (၄) ရပ်ကို အလေးထား အောင်မြင်အောင်    အကောင် အထည်ဖော်   ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊      ရပ်ရွာအေးချမ်း သာယာရေးအတွက်  တရားဥပဒေ စိုးမိုးရေးသည်    အဓိကကျသော ကြောင့် မှုခင်းကျဆင်းရေးအတွက် ပြည်သူလူထုအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းအသိပညာပေး လုပ်ငန်းများကို    ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ခြင်း၊   ပြစ်မှု များမဖြစ်ပွားအောင်    ကြိုတင် ကာကွယ်မှုများကို  ထိရောက်စွာ ဆောင်ရွက်ခြင်း၊ ဖြစ်ပေါ်လာသည့် ပြစ်မှုများကို        လုံ့လစိုက်ပြီး ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ် တရားစွဲတင်ခြင်း  စသည့်လုပ်ငန်း စဉ်များအား    မူဝါဒ၊  လုပ်ထုံး လုပ်နည်းများနှင့်အညီ  ဆောင် ရွက်သွားကြရမည်  ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး       လုပ်ငန်းများကို အမျိုးသားရေး       တာ၀န်တစ်ရပ် အဖြစ်မှတ်ယူကာ   ဆက်လက် အလေးထား ဆောင်ရွက်သွားရန် နှင့် ရဲတပ်ဖွဲ့နှင့်ပြည်သူ တစ်သား တည်း    ဖြစ်နေစေရန်အတွက် ပြည်သူ့လိုအပ်ချက်ကို   ဥပဒေ နှင့်အညီ    ဆောင်ရွက်ပေးနိုင် သည်များကို စေတနာနှင့် ဆောင် ရွက်ပေးပြီး   ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင်လည်း စိတ်အား ထက်သန်စွာဖြင့်    တက်တက် ကြွကြွ         ပါဝင်ဆောင်ရွက် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

 


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ သည် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့် အညီ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်း ဥပဒေများနှင့်     ထုတ်ပြန်ထားသည့် အမိန့်နှင့်     ညွှန်ကြားချက်များ ကို  စောင့်ထိန်းလိုက်နာပြီး နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ်တို့ကို   အောင်မြင် အောင် မိမိတို့ကျရာကဏ္ဍအလိုက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

 


အဆိုပါ    သင်တန်းဆင်းပွဲ အခမ်းအနားသို့      ပြည်ထဲရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏ဇနီး၊ ဒုတိယရဲချုပ်(၂)(လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ရဲအရာရှိ ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်   ဖိတ်ကြား ထားသူများ တက်ရောက်ကြပြီး ဒုတိယရဲအုပ်လောင်း   သင်တန်း အမှတ်စဉ်  (၁၀၇)   ရဲသီဟတပ်ခွဲ တွင်   တပ်တွင်းဘွဲ့ရ  အမျိုးသား ၃၃၀ ၊       အကျဉ်းဦးစီးဌာနမှ လက်ထောက်    ကြီးကြပ်ရေးမှူး အဆင့် (၁) အမျိုးသား  ၁၀ ဦး၊ စုစုပေါင်း ၃၄၀ တို့ကို သင်တန်း ဆင်းပေးခဲ့ကြောင်း သိရသည်။

 
သတင်းစဉ်