မြန်မာနိုင်ငံပြန်တမ်း

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း


၁။     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာဌေးသွင်  ကို   အစမ်းခန့်ကာလ  (၁)  နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
၂။     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   ကာကွယ်ရေး ဝန်ကြီးဌာနမှ    ဦးမြဦး  ကို   စက်မှုဝန်ကြီးဌာန၊    စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်အဖြစ်   တာဝန် ဝတ္တရားများကို  စတင်ဆောင်ရွက်သည့်နေ့မှစ၍   အစမ်းခန့်ထား လိုက်သည်။