မြန်မာနိုင်ငံပြန်တမ်း

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍  အတည်ပြု ခန့်ထားလိုက်သည် -
        အမည်    ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
                         ရာထူး၊ ဌာန
    (က)  ဦးတင်ကိုကိုနိုင်     ညွှန်ကြားရေးမှူးချုပ်
            လူမှုဖူလုံရေးအဖွဲ့
            အလုပ်သမားဝန်ကြီးဌာန
    (ခ) ဒေါက်တာအေးအေးဟန်    ပါမောက္ခချုပ်
            မြင်းခြံတက္ကသိုလ်
            အဆင့်မြင့်ပညာဦးစီးဌာန
            ပညာရေးဝန်ကြီးဌာန
၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ယဉ်ဦး ကို ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင် ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။