
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲရင့်လွင် အား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ် တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြု ခန့်ထားလိုက်သည်-
အမည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
ရာထူး၊ ဌာန
(၁) ဒေါက်တာ ပါမောက္ခချုပ်
စိုးမြင့်အေး စစ်ကိုင်းတက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန
(၂) ဒေါက်တာ ရီရီဦး ပါမောက္ခချုပ်
ကျောက်ဆည်တက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန
(၃) ဒေါ်နွယ်နီ ညွှန်ကြားရေးမှူးချုပ်
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
(၄) ဒေါက်တာ ညွှန်ကြားရေးမှူးချုပ်
သိင်္ဂီမောင်မောင် အဏုမြူစွမ်းအင်ဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
(၅) ဒေါက်တာလဲ့လဲ့ဦး ညွှန်ကြားရေးမှူးချုပ်
လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
(၆) ဒေါက်တာနီလာသိန်း ပါမောက္ခချုပ်
ကွန်ပျူတာတက္ကသိုလ် (သထုံ)
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန