မြန်မာနိုင်ငံပြန်တမ်း

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်း၊
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်       ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်  ကို  ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူး ချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို        အစမ်းခန့်ကာလ (၁) နှစ်ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်-
    အမည်    ဝန်ထမ်းအဖွဲ့အစည်း
        အကြီးအမှူး
        ရာထူး၊ ဌာန
    (က)    ဒေါက်တာမာလာမျိုးညွန့်    ညွှန်ကြားရေးမှူးချုပ်
            နိုင်ငံခြားစီးပွား
            ဆက်သွယ်ရေးဦးစီးဌာန
            ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား
            စီးပွားဆက်သွယ်ရေး
            ဝန်ကြီးဌာန
    (ခ)    ဦးဇော်မိုးဝင်း    ညွှန်ကြားရေးမှူးချုပ်
            ဝန်ထမ်းရေးရာဦးစီးဌာန
            ပြည်ထောင်စုရာထူးဝန်အဖွဲ့
၃။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီး ဌာန၊  စီမံကိန်းနှင့်  စီမံရေးရာဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦး ကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို  စတင်ဆောင်ရွက်သည့်နေ့မှစ၍   အစမ်း ခန့်ထားလိုက်သည်။