
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထာခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန၊ ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင် ကို မုံရွာတက္ကသိုလ်ပါမောက္ခချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့် နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့ အစည်းအကြီးအမှူးများကို အစမ်းခန့်ကာလ (၁)နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်-
အမည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
ရာထူး၊ ဌာန
(က) ဦးသိန်းဆွေ ညွှန်ကြားရေးမှူးချုပ်
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန စက်မှုဝန်ကြီးဌာန
( ခ ) ဒေါက်တာ ဖြူဖြူဝင်း ညွှန်ကြားရေးမှူးချုပ်
သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာန သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
( ဂ ) ဒေါက်တာ ကျော်ရွှေ ပါမောက္ခချုပ်
ဆေးတက္ကသိုလ် (၁) ရန်ကုန်
ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန