မြန်မာနိုင်ငံပြန်တမ်း

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း


၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူဝင်မှုကြီးကြပ်ရေး နှင့်    ပြည်သူ့အင်အားဝန်ကြီးဌာန၊    အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း  ကို အစမ်းခန့် ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍  အတည်ပြုခန့်ထားလိုက် သည်။
၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးဝန်ကြီး ဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဟင်္သာတတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်  ဒေါက်တာနီလာမြင့် ကို  ပင်လုံတက္ကသိုလ်  ပါမောက္ခချုပ် အဖြစ်   တာဝန်ဝတ္တရားများကို    စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။