မြန်မာနိုင်ငံပြန်တမ်း

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

 

၁။     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြား‌ ရေးမှူးချုပ် ဦးညွန့်ဝင်း ကို ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူး ချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်‌ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
၂။     နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီသည် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းထုတ်လုပ်‌ရေးဌာနမှ  အထွေထွေမန်နေဂျာ ဒေါက်တာ အောင်ခိုင် ကို မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြား‌ ရေးမှူးအဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။