
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) ပါမောက္ခချုပ် ဒေါက်တာမီမီခင် ကို ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက် သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြု ခန့်ထားလိုက်သည်-
အမည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
ရာထူး၊ ဌာန
(က) ဒေါက်တာ အောင်ဆွေထွန်း ညွှန်ကြားရေးမှူးချုပ်
လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး)
ပညာရေးဝန်ကြီးဌာန
( ခ ) ဒေါက်တာ သက်လွင် ပါမောက္ခချုပ်
ပြည်တက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန