မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

 

၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့််ကျော် ၁၂ ရက်
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။ 
ထိုသို့ပြောကြားရာတွင်    မိမိတို့နိုင်ငံသည်   လွတ်လပ်ရေးရရှိသည့်ကာလ  ၇၅  နှစ်  ကြာမြင့်ပြီ ဖြစ်သော်လည်း  လွတ်လပ်ရေး၏အရသာကို တိုင်းရင်းသားပြည်သူများ အပြည့်အဝမခံစားရသေး ကြောင်း၊   ဤသည်မှာ   လက်နက်ကိုင်ပဋိပက္ခများကြောင့်ဖြစ်ကြောင်း၊   ထို့ကြောင့်   တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ  ချုပ်ငြိမ်းစေရန်  ရည်ရွယ်လျက်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းပြောကြားချက်သည် တိုင်းရင်းသားပြည်သူများအားလုံး  လိုလားတောင့်တလျက်ရှိသည့်    စစ်မှန်သောငြိမ်းချမ်းရေးရရှိစေရန်   ကမ်းလှမ်းနှိုးဆော်ချက်ဖြစ်ပါ သဖြင့်    မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး  (ဗဟို)  က  လေးနက်စွာ   ကြိုဆိုထောက်ခံပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။ 
မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)