မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများနှင့် မိသားစုဝင်များအတွက် အာမခံထားရှိမှုလုပ်ငန်းများဆိုင်ရာသိကောင်းစရာဟောပြော

 

ရန်ကုန်  နိုဝင်ဘာ ၂၆


မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘော သား  အလုပ်သမားများအဖွဲ့ချုပ် ကကြီးမှူး၍ သင်္ဘောသားများနှင့် မိသားစုဝင်များအတွက်  အသက် အာမခံထားရှိမှုဆိုင်ရာ သိကောင်း စရာဟောပြောပွဲကို  နိုဝင်ဘာ ၂၅ ရက်က  ကျောက်တံတားမြို့နယ် ၃၇ လမ်းရှိ  မြန်မာနိုင်ငံပင်လယ် ကူးသင်္ဘောသား အလုပ်သမား များ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည်။

 


အခမ်းအနားတွင်  CHUBB Life Insurance Myanmar Co; မှ   Financial   Advisor  ဒေါ်နန်း နီနီအောင်က  CHUBB   Life Insurance  Myanmar   Co; အကြောင်း သိကောင်းစရာများကို မိတ်ဆက်ပြောကြားသည်။   ထို့ နောက် Senior AgencyManager ကိုနန္ဒလင်းက သင်္ဘောသားများ နှင့် ၎င်းတို့၏  မိသားစုဝင်များ အတွက်  အသက် ၁၈ နှစ်မှ ၅၅နှစ် အထိထားရှိနိင်မည့်      အသက် အာမခံအကြောင်းကို      လည်း ကောင်း၊ အသက် ၇၄ နှစ်အထိရရှိ ခံစားနိုင်မည့် ကျန်းမာရေးအာမခံ၊ မတော်တဆအာမခံနှင့် ပြင်းထန် သည့် ရောဂါအာမခံအကြောင်း တို့ကိုလည်‌ကောင်း        ရှင်းလင်း ပြောကြားသည်။

 


ထို့နောက်              မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ် သမားများ           အဖွဲ့ချုပ်ဥက္ကဌ ကပ္ပတိန်           စိုးမင်းအောင်က တက်ရောက်       လာကြသည့်   သင်္ဘောသားများနှင့်   မိသားစုဝင် များအား      အာမခံထားရှိရေး။ မိမိတို့နှင့်         သင့်လျော်မည့်          အာမခံစနစ်များကို     ဆွေးနွေး မေးမြန်း      ကြစေလိုကြောင်း       ပြောကြားသည်။

 


ထို့နောက် တက်ရောက်လာ ကြသည့်     သင်္ဘောသားများနှင့် မိသားစုဝင်များက သိရှိလိုသည် များမေးမြန်းကြရာ     တာဝန်ရှိ သူတို့က   ရှင်းလင်းဖြေကြားကြ သည်။                     
 

မျိုးမင်းသူရ