မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် သင်္ဘောသားများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ

 

ရန်ကုန်    ဇွန်   ၁၂


မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ ချုပ် ( MSF ) ပထမအကြိမ်   ညီလာခံကို  ၂၀၁၂ ခုနှစ်  သြဂုတ် ၁၂ ရ​က်တွင် ကျင်းပခဲ့ပြီး အဖွဲ့ချုပ် ( MSF ) ၏   ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းကို သင်္ဘောသားများက   သဘောတူထောက်ခံအတည် ပြုခဲ့ကြသည်။ ၂၀၂၂ ခုနှစ် ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အသင်းသားမျက်နှာစုံညီ အစည်းအဝေးကို ဇွန် ၉ ရက်က Royal Garden Restaurant တွင် ပြုလုပ်ခဲ့သည်။

 


အစည်းအဝေးတွင်   အသင်းချုပ်ဥက္ကဋ္ဌ  စိုးမင်းအောင်က ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်ပသို့ထွက်ခွာမည့် မြန်မာ နိုင်ငံသား သင်္ဘောသားများအား  ကိုဗစ်-၁၉  ရောဂါကင်းရှင်း ကြောင်း ဆေးစစ်ခြင်းနှင့်  ဆေးလက်မှတ်ထုတ်ပေးခြင်းလုပ်ငန်း များကို ၂၀၂၀ ပြည့်နှစ် မေ ၂၀ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်အထိ ဆေးစစ်သူ ၁၇၅၉၀ အား ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန( NHL )နှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

 


ထို့ပြင် မြန်မာသင်္ဘောသား များ  ကော့သောင်းမြို့   ကမ်းလွန် ပင်လယ်ပြင်တွင်     လူလဲလှယ်ခြင်း     လုပ်ငန်းဝန်ဆောင်မှုအား  ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစတင်၍ ၂၀၂၂ ခုနှစ်  ဇန်နဝါရီလအထိ သင်္ဘော အစင်းရေ ၉၆ စင်းတွင် သင်္ဘော သားဦးရေ    အတက် ၁၀၂၅ ဦး၊ အဆင်း ၁၀၂၈ ဦးတို့ကို လုပ်ကိုင် ဆောင်ရွက်ပေးခဲ့သည်။ ပြည်ပမှ  မြန်မာသင်္ဘောသားများ ပြန်လာ နိုင်ရေးအတွက် အထူးစင်းလုံးငှား လေကြောင်း      ခရီးစဉ်တို့ကို ဝန်ဆောင်မှုပေးခဲ့သည်။

 

အဖွဲ့ဝင်သင်္ဘောသားများကတင်ပြတိုင်ကြားလာသည့် လစာ နှင့် စရိတ်တောင်းခံခြင်း၊ သင်္ဘော ပေါ်တွင် တာဝန်ထမ်းဆောင်စဉ် ကွယ်လွန်ခြင်း၊ ပျောက်ဆုံးခြင်း၊ တာဝန်ထမ်းဆောင်စဉ် ကျန်းမာ ရေး ထိခိုက်မှုရှိခြင်း၊ လိမ်လည်ခံရ ခြင်း၊ ထိခိုက်ဒဏ်ရာရမှုအတွက် လျော်ကြေး၊ နစ်နာကြေးရလိုခြင်း၊ ဝန်ဆောင်ခ  ပြန်လည်တောင်းခံ ခြင်းတို့အတွက် ၂၀၂၀-၂၀၂၂ ခုနှစ် အတွင်း တိုင်ကြားသည့်အမှုပေါင်း  ၁၃၈ မှုရှိပြီး   ဖြေရှင်းပြီးအမှုမှာ ၁၀၃ မှုဖြစ်၍ ၃၅ မှုမှာ ဆောင်ရွက်ဆဲ ဖြစ်သည်။

 


ကိုဗစ်-၁၉   ရောဂါ   နိုင်ငံ အတွင်း   စတင်ဖြစ်ပွားချိန်တွင် ပင်စင်မရှိသင်္ဘောသားအများစုမှာ အိမ်အတွင်း     နေထိုင်ကြစဉ်    စားသောက်ရေးအတွက်  အဖွဲ့ချုပ် ( MSF ) မှ ဆန်၊ ဆီ၊ ပဲ စုစုပေါင်း တန်ဖိုးငွေကျပ်   ၃၇၆၅၃၀၀ ကို အိမ်တိုင်ရာရောက်    လှူဒါန်းခဲ့ သည်။ သက်ကြီးသင်္ဘောသားများ နှင့် ကျန်းမာရေးချို့တဲ့သူများကို သက်ကြီးသင်္ဘောသားကျန်းမာ ရေးကူညီမှု      လုပ်ငန်းကော်မတီ ( ASHC ) က အလှူရှင်များပေးပို့ လာသည့် အလှူငွေများကို သွား ရောက် လှူဒါန်းပေးမည်ဖြစ်သည်။
အဖွဲ့ချုပ်( MSF )သည် မြန်မာ သင်္ဘောသားနှင့်    သင်္ဘောသား မိသားစုကိစ္စရပ်များအား  ဆောင် ရွက်ပေးရာတွင်  အသင်းဝင်သည် ဖြစ်စေ၊   မဝင်သည်ဖြစ်စေ   အခ ကြေးငွေ ကောက်ခံခြင်းမရှိ ကူညီ ဆောင်ရွက်ပေးလျက်    ရှိသည်။ ထို့ပြင် ငွေကြေးအကူအညီတောင်း ခံလာပါက   အဖွဲ့ချုပ်( MSF )၏ ဘဏ္ဍာရေး       အခြေအနေပေါ် မူတည်၍ ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိသည်။

 


မြန်မာနိုင်ငံ    ပင်လယ်ကူး သင်္ဘောသား   အလုပ်သမားများ အဖွဲ့ချုပ်  ( MSF ) တွင် အသင်းဝင် ဦးရေ ၁၁၆၀  ရှိပြီး  ၂၀၂၂- ၂၀၂၄ အလုပ်အမှုဆောင်အဖွဲ့  အတွက် ရွေးချယ်တင်မြှောက်ပွဲကို   ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ရန်စီစဉ် ထားကြောင်း သိရသည်။


မျိုးမင်းသူရ